၊ ငွေကြယ်စင်ယံ ၊
ကိုယ်အလေးချိန်က နည်းလွန်းရင်လည်း မကောင်းသလို များလွန်းရင်လည်း ကျန်းမာရေးနဲ့ မညီညွတ်ပြန်ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းဖို့ အရေးကြီးကြောင်း ရေးသားလိုက်ရပါတယ်။
ကိုယ်အလေးချိန်နည်းလွန်းခြင်း၏အန္တရာယ်
– အရိုးသန်စွမ်းမှုကို လျော့ကျစေပြီး အရိုးပါးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
– ခန္ဓာကိုယ်ထဲမှာ စွမ်းအင်သိုလှောင်မှု နည်းပါးတာကြောင့် ကူးစက်ပိုးအလွယ်တကူဝင်နိုင်ပြီး ဖျားနိုင်ခြေများပါတယ်။ နာမကျန်းမှုဖြစ်ပြီးရင်လည်း ပြန်လည်ကောင်းမွန်နိုင်ဖို့ ကြန့်ကြာတတ်ပါတယ်။
– ကူးစက်ပိုးတွေကို ပြန်လှန်တွန်းလှန်နိုင်စွမ်းနည်းပါတယ်။ အထူးသဖြင့် သင်က အာဟာရဓာတ်ချို့တဲ့သူဖြစ်ရင် ကူးစက်ပိုးဝင်လွယ်တတ်ပါတယ်။
– အစားအသောက်ကို ကန့်သတ်ထိန်းချုပ်ကာ စားသောက်တာကြောင့် ကိုယ်အလေးချိန်နည်းတာဖြစ်ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်လွယ်ပါတယ်။
ကိုယ်အလေးချိန်များလွန်းခြင်း၏ အန္တရာယ်
– ကိုယ်အလေးချိန်များတာကြောင့် ရရှိနိုင်တဲ့အန္တရာယ်က ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတို့ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ အဝလွန်တာက တင်ပါးတစ်ဝိုက်မှာထက် ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်မှာ အဆီပိုတွေများနေရင် ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။
– လူတွေအဝလွန်လာတဲ့အခါ ကျန်းမာရေးပြဿနာဖြစ်နိုင်တဲ့အန္တရာယ်က သိသိသာသာမြင့်တက်လာပါတယ်။
– အသက် ၅၅နှစ်ကျော်သူတွေမှာထက် အသက်ငယ်တဲ့သူတွေအဝလွန်ရင် ပိုပြီးသတိထားသင့်ပါတယ်။
ကိုယ်အလေးချိန်များနေလျှင် ကိုယ်အလေးချိန်ကျခြင်း၏ ကောင်းကျိုးများ
ကိုယ်အလေးချိန်က များလွန်းနေလို့ နှစ်ပေါင်လောက်လျော့ကျသွားရင်တောင် သိသာတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
– ကိုယ်အလေးချိန်လျော့ကျတာကြောင့် သွေးတိုးကျပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ် လျော့ကျတတ်ပါတယ်။
– အကြောင်းအမျိုးမျိုးကြောင့် အရွယ်မတိုင်ခင် စောစောသေနိုင်ခြေ ၂၀ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
– ဆီးချိုရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းကျော် လျော့ကျသွားပါတယ်။
– ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းကျော် လျော့ကျသွားပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)