Healthy Life Ad
Health Tips

အအေးမိခြင်း၏ နောက်ဆက်တွဲ ဝေဒနာများ သက်သာစေရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အအေးမိဝေဒနာရတဲ့အခါ နောက်ဆက်တွဲအနေနဲ့ နှာခေါင်းပိတ်တာ၊ အသံအိုးရောင်ရမ်းတာစတဲ့ ဝေဒနာတွေ ဖြစ်တတ်တဲ့အတွက် သက်သာရာရစေဖို့ လိုက်နာသင့်တဲ့ အလွယ်နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

အသံအိုးရောင်ရမ်းခြင်း
အအေးမိပြီး အသံအိုးရောင်ရမ်းတဲ့အခါ လည်ချောင်းယားတာကနေ အသံလုံးဝမထွက်တဲ့အထိ ဖြစ်တတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ
အသံအိုးရောင်ရမ်းနေရင် ဆေးဖက်ဝင် လက်ဖက်ရည် သောက်တဲ့နည်းနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။ လက်ဖက်ရည်ပူပူသောက်ရင် လည်ချောင်းယားယံမှုဝေဒနာကို သက်သာစေပါတယ်။
အသံအိုးရောင်ရမ်းနေရင် ဝီစကီငုံပြီး အာလုတ်ကျင်းပေးပါ။ ပြုလုပ်ရမယ့်နည်းက ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲကို ဝီစကီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်ပြီး အာလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။ အသံအိုး ရောင်တာကြောင့် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကျဉ်းနေပါတယ်။ ဒီအချိန်မှာ အာလုတ် ကျင်းပေးတာကြောင့် အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး ပိုးသတ်အာနိသင်အစွမ်းက ဘက်တီးရီး ယားပိုးတွေကို သေစေနိုင်ပါတယ်။

အချွဲထခြင်း
အအေးမိဝေဒနာရတဲ့အခါ ရင်ဘတ်ထဲမှာ အချွဲတွေ ပြည့်နေပြီး လည်ချောင်းထဲမှာ မသက်မသာဖြစ်တာ၊ နာကျင်တာနဲ့ အိပ်မပျော်တာတို့ ဖြစ်တတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ
အချွဲပျော်ဆေးမှာ အင်တီအောက်ဆီးဒင့်အစွမ်းလည်း ရှိတာကြောင့် အချွဲကို ပျော်စေတဲ့အပြင် ခန္ဓာကိုယ်ကနေ မြန်မြန်ထွက်ရှိအောင်လည်း ကူညီနိုင်ပါတယ်။

နှာခေါင်းပိတ်ခြင်း
ဓာတ်မတည့်မှုနဲ့ အအေးမိဝေဒနာ ပျောက်စေတဲ့ ဆေးတွေကို သောက်ပေမယ့် နှာခေါင်းပိတ်တာကို မကုသနိုင်ဘူးဆိုရင်၊ ဒါမှမဟုတ် သဘာဝကုထုံးကို လိုချင်တယ်ဆိုရင် နည်းလမ်းတစ်ခုပေးချင်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ
ပြုလုပ်ရမယ့်နည်းက ပန်းသီးနှစ်လုံး၊ နာနတ်သီးတစ်လုံးနဲ့ ပျားရည်လက်ဖက်စားဇွန်း နှစ်ဇွန်းတို့ကို ရောပြီး အရည်ရအောင်လုပ်ပါ။ ပန်းသီးအခွံမှာ ဘရိုမီလိန်းနဲ့ ကွာစီတင်တို့လို သဘာဝ ဟစ္စတာမင်းတား ပစ္စည်းတွေ ပါဝင်တဲ့အတွက် နှာပိတ်တာကို သက်သာစေပါတယ်။ ယူကလစ်ဆီ ဒါမှမဟုတ် နှမ်းဆီကို ဆူနေတဲ့ ရေထဲ အနည်းငယ်ထည့်ပြီး ရှူရှိုက်ပေးရင်လည်း နှာပိတ်တာကိုသက်သာစေပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေပါတယ်။ ကြက်စွပ်ပြုတ် သောက်တာကလည်း အအေးမိ ဝေဒနာလက္ခဏာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် သံဓာတ်၊ ကယ်လ်စီယမ်၊ အဆီနဲ့ ပရိုတင်းဓာတ်လည်း အပြည့်အဝပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေပြီး အအေးမိတာနဲ့ နှာခေါင်းပိတ်တာကိုသက်သာစေပါတယ်။ ငရုတ်သီးမှာ အအေးမိဝေဒနာပိုးကို တွန်းလှန်ပေးနိုင်တဲ့ ဗီတာမင်အေ ပါဝင်တာကြောင့် အချွဲပျော်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top