Healthy Life Ad
Health Tips

ဂဏန်းဟင်းစားခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဂဏန်းမဆလာချက်လို့ ပြောလိုက်ရင် စားချင် စိတ်ဖြစ်မယ့်သူတွေ အများကြီး ရှိပါလိမ့်မယ်။ အရသာရှိတဲ့ ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ကဏန်းဟင်းမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကော ဆိုး ကျိုးတွေပါ ရှိနေပါတယ်။

ကောင်းကျိုးများ

– ဆီးချိုရောဂါအတွက် ကောင်းပါတယ်
ဂဏန်းဟင်းမှာခရိုမီယမ်သတ္တုဓာတ် ပါဝင်တာကြာင့် အင်ဆူလင်ရဲ့ အာနိသင်ကို အားကောင်းစေပြီး သွေးတွင်းဂလူးကို့စ်အဆင့်ကို ဟန်ချက်ညီစေပါတယ်။

– ကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်
ဂဏန်းမှာ ဆီလီနီယမ်ပါဝင်မှုများတာကြောင့် ကင်ဆာကို ဟန့်တားပေးပါတယ်။ အစွမ်းထက်အင် တီအောက်ဆီးဒင့် ဖြစ်တဲ့အတွက် မာကျူရီ၊ အာစင်းနစ်နဲ့ ကတ်မီယမ်တို့လို ကင်ဆာဖြစ်စေတဲ့ အရာတွေကို တွန်းလှန်ပေးလို့ပါ။

– နှလုံးနဲ့ ဦးနှောက်အတွက် သင့်တော်ပါတယ်
ဂဏန်းမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်က နှလုံးနဲ့ ဦးနှောက်ကိုကာကွယ်ပေးတဲ့အစွမ်းရှိပါတယ်။

– အာရုံကြောတွေအတွက် ကောင်းပါတယ်
ဂဏန်းဟင်းမှာ ဗီတာမင် B12 ပါဝင်တာကြောင့် အာရုံကြောတွေကို ကျန်းမာစေပါတယ်။ စွမ်းအင် ထုတ်လုပ်မှုအားကောင်းပြီး နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

– ပရိုတင်းပါဝင်မှုများပါတယ်
ဂဏန်းဟင်းဟာ သင့်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ လောက်ကို ပေးနိုင်ပါတယ်။ ပြောရရင် ပရိုတင်းပါဝင်မှုများလို့ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

– ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
ဂဏန်းဟင်း တစ်ခွက်(သုံးအောင်စ)လောက်စားပေးရင် ကယ်လိုရီ ၇၀ ခန့်ရပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာ ဗိုက်ပြည့်စေတဲ့အတွက် ကိုယ်အလေး ချိန် ထိန်းပေးနိုင်တာပါ။

– အဆစ်တွေကို ကျန်းမာစေပါတယ်
ဂဏန်းမှာပါတဲ့ အိုမီဂါ ၃ဖက်တီးအက်စစ်က အဆစ်တွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ဆိုးကျိုးများ
– ဆိုဒီယမ် ပါဝင်မှုများပါတယ်
ဂဏန်းဟင်းစားရင် ဆိုဒီယမ်ပါဝင်မှုများတဲ့အတွက် သွေးတိုးစေနိုင်ပါတယ်။ သွေးတိုးရောဂါရှိရင် သိပ်မစားသင့်ပါဘူး။

– မကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေပါတယ်
ဂဏန်းဟင်း သုံးအောင်စ တစ်ခွက်စာပမာဏမှာ ကိုလက်စထရော ၈၀ မီလီဂရမ်ကျော် ပါဝင်ပါတယ်။ ကိုလက်စထရောများတဲ့အတွက် အသင့်အ တင့်ပဲ စားသင့်ပါတယ်။

– ဂေါက်အဆစ်အမျက်ရောင်ရောဂါအတွက် မသင့်တော်ပါဘူး
ဂဏန်းဟင်းမှာ ပျူရင်းဓာတ်ပါဝင်မှုများတာကြောင့် ဂေါက်အဆစ်အမျက်ရောင် ရောဂါရှိသူတွေ သတိပြုသင့်တယ်လို့ကျွမ်းကျင်သူတွေကဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top