Healthy Life Ad
Health Tips

နာတာရှည်ရောင်ရမ်းသည့် လက္ခဏာများနှင့် အိမ်တွင်းကုထုံးများ

ကိုယ်ခန္ဓာထဲမှာ နာတာရှည်ရောင်ရမ်းမှု ဖြစ်ရတဲ့အခါ လေပွတာ၊ လေချဉ်တက်တာ၊ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာ၊ မျက်စိယားတာ၊ နားယားတာ၊ ဝမ်းချုပ်တာ၊ မှတ်ဉာဏ် ပြဿနာဖြစ်တာ၊ အရေပြားမှာ အနီကွက်၊ အင်ပြင်နဲ့ ဝက်ခြံထွက်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ နှာခေါင်းပိတ်တာ၊ အစာစားချင်စိတ်ဆုံးရှုံးတာ၊ ဖျားတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ အဆစ်ကိုက်ခဲတာ၊ အဆစ် တောင့်တင်းတာ၊ ရေဆွဲတာ၊ လေချဉ်တက်တာတို့ ဖြစ်တတ်ပါတယ်။

အဲဒီအခါ နာတာရှည်ရောင်ရမ်းမှုဝေဒနာ သက်သာစေဖို့ ဇင့်(သွပ်)ဓာတ်ပါတဲ့အစာ (ဥပမာ အစေ့အဆန်)၊ အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစာ (ဥပမာ ဒိန်ချဉ်)၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါတဲ့အစာ (ဥပမာ-သစ်ကြားသီး၊ ဆယ်လ်မွန်ငါး)၊ ဟင်းခတ်အမွှေးအကြိုင် (ဥပမာချင်း(ဂျင်း)၊ နနွင်းမှုန့်)၊ အခွံချွတ်ထားတဲ့ သကြား၊ အင်တီအောက်ဆီးဒင့်၊ ငါးနဲ့ ငါးအဆီစတာတွေကို မှီဝဲသင့်ပါတယ်။
လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပြီး အနှိပ်ခံတာကြောင့်လည်း နာတာရှည် ရောင်ရမ်းမှုကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top