Healthy Life Ad
Health Tips

သင့်နှလုံးကျန်းမာရေးအတွက် အရေးပါသည့် အရာ ၁၀

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်နှလုံးကျန်းမာဖို့ အလေးထားဂရုပြုရမယ့် အချက် ၁၀ ခုရှိပါတယ်။ အဲဒါတွေကတော့-


(၁) ဆေးလိပ်
ဆေးလိပ်သောက်တာကြောင့် ဘဝသက်တမ်း ကို ၁၅~၂၅ နှစ် တိုစေနိုင်ပါတယ်။ သင်က ဆေး လိပ်သောက်သူဖြစ်ရင် ဆေးလိပ်မသောက်သူထက် နှလုံးရောဂါထခြင်း (Heart Attack)ဖြစ်နိုင်ခြေ နှစ် ဆပိုများပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ နှလုံး ရောဂါထခြင်း ဖြစ်နိုင်ခြေက စတင်လျော့ကျသွားပါတယ်။ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကိုလည်း မရှူမိစေဖို့ သတိထားပါ။

(၂) ဆား
ဆားစားသုံးမှုများလွန်းတာက သွေးတိုးစေနိုင်ပါတယ်။ ဒါက နှလုံးသွေးကြောရောဂါဖြစ်နှုန်းကို မြင့်တက်စေပါတယ်။ ဒါကြောင့် ဆားလျှော့စားပါ။

(၃) အစားအသောက်
မျှတတဲ့ အစားအသောက်ဖြစ်ဖို့ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပါ။ အညိုရောင် ပေါင်မုန့်နဲ့ ဆန်လုံးညိုတို့လို အစာတွေကို ရွေးချယ်ပါ။

(၄) အရက်
အရက်များများ သောက်တာကြောင့် နှလုံးကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး သွေးတိုးကာ ကိုယ်အလေးချိန်မြင့်တက်စေနိုင်ပါတယ်။ အရက်ကို ရှောင်ပါ၊ မရှောင်နိုင်ရင် တစ်နေ့ တစ်ပက်~နှစ်ပက် ထက် ပိုမသောက်ပါနဲ့။

(၅) လေ့ကျင့်ခန်း
တစ်နေ့မှာ အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို မိနစ် ၃၀ ခန့် ပြုလုပ်ပါ။ ဒီလိုလုပ်တာက နှလုံး ကျန်းမာစေရုံသာမက စိတ်ကျန်းမာချမ်းသာ ရေးကိုလည်း ကောင်းမွန်စေပါတယ်။

(၆) သွေးဖိအား၊ သွေးတွင်း သကြားဓာတ်နှင့် ကိုလက်စထရောအဆင့်
သွေးဖိအား ဘယ်လောက်လဲ၊ သွေးတွင်း သကြားဓာတ် ဘယ်လောက်ရှိသလဲ၊ ကိုလက်စထရော အဆင့် ဘယ်လောက်လဲ စတဲ့ အခြေခံ ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်ခံယူပေးဖို့ လိုအပ်ပါတယ်။ ပုံမှန် မဟုတ်တဲ့အခါ ကုသမှု ခံယူသင့်ပါတယ်။

(၇) ခါးအတိုင်းအတာ
သွေးကြောတွေထဲမှာ ကိုလက်စထရောအဆီ တွေ စုပုံနေတာက ကျန်းမာရေး ထိခိုက်စေပါတယ်။ အထူးသဖြင့် ခါးနဲ့ ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေ စုပုံနေရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

(၈) နှလုံးရောဂါမျိုးရိုး
ဆွေမျိုးရင်းချာထဲမှာ နှလုံးရောဂါဖြစ်သူ ရှိရင် သင့်မှာလည်း နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိတာကြောင့် သွေးဖိအား၊ သွေးတွင်း ကိုလက်စထရောအဆင့်၊ ကိုယ်အလေးချိန်များခြင်း၊ ဆီးချိုသွေးချိုရောဂါ စတာတွေကို အမြဲတိုင်းတာ စစ်ဆေးရပါမယ်။

(၉) စိတ်ဖိစီးမှုအဆင့်
စိတ်ဖိစီးမှုကို သင် ဘယ်လောက် ထိန်းချုပ်နိုင် သလဲ။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ရင် နှလုံးရောဂါ ထခြင်း (ံနမေအ ဗအအခေု) ဖြစ်နှုန်း များပါတယ်။ စိတ် ဖိစီးမှု လျော့နည်းဖို့ ယောဂကျင့်ပါ၊ တရားထိုင်ပါ၊ အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ပါ။

(၁၀) ရယ်မောခြင်း
အချိန်တိုင်း ရယ်မောတာက စိတ်ရော ကိုယ်ပါ ဖြေလျှော့နိုင်တဲ့ နည်းလမ်းကောင်း တစ်ခုပါ။ အချိန် တိုင်း ရယ်မောဖို့ မဖြစ်နိုင်ပေမယ့် စိတ်ရော ကိုယ်ပါ တင်းအားတွေများနေပြီလို့ သတိရတဲ့အခါ ရယ်မော ပစ်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top