အသည်းဟာ ခန္ဓာကိုယ်ရဲ ့ ဇီဝကမ္မဖြစ်စဉ်တွေထဲမှာ အဓိကအရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သလို အံ့ဖွယ်ဘနန်းစွမ်းရည်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အသည်းက အဓိကအားဖြင့် သည်းခြေရည်ထုတ်ပြီး အစာချေဖျက်တဲ့စနစ်ကို အထောက်အကူပြုပါတယ်။ အသည်းရဲ ့ ဒုတိယအရေးကြီးဆုံး လုပ်ငန်းကတော့ အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်တွေရဲ ့...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— တွေ့တဲ့သူတိုင်းက ကျွန်တော့်ကို ကြင်နာတတ်တဲ့သူ၊ စိတ်ထားဖြူစင်သူ၊ ရိုးသားညှာတာတတ်သူလို့ ပြောကြပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်က လူမှန်သမျှ ကူညီလွန်းလို့ ကျွန်တော့်ကို သူတို့ဘဝရဲ့ “အလင်းရောင်”အဖြစ် တင်စားကြသူတွေလည်း မနည်းမနောရှိပါတယ်။ ဒါတွေအားလုံးရဲ ့ မြစ်ဖျားခံရာက ကျွန်တော့်ဖခင်ကြောင့်ပါ။...
ချောကလက်ကို တစ်နေ့ လေးထောင့်တစ်ကွက်စာပမာဏ စားပေးရင် စိုးရိမ်သောကများတာနဲ့ နာကျင်ကိုက်ခဲဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။ ချောကလက်မှာ စိတ်ခံစားမှုကောင်းစေတဲ့ အနန်ဒါမိုက်ဒြပ်ပေါင်း ပါဝင်တာကြောင့် အသင့်အတင့်စားပေးရင် နှလုံးအကျိုးပြုတယ်ဆိုတာ သင်သိပါရဲ့လား။ (Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life...
စူး (ဆေးဝါးတက္ကသိုလ်) ကမ္ဘာ့နှလုံးကျန်းမာရေးနေ့မှာ နှလုံးကျန်းမာဖို့အတွက် အစားအသောက်တွေကို ဘယ်လိုစားသင့်တယ်၊ လေ့ကျင့်ခန်းကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီအထဲက မှတ်သားစရာအချက်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အစားအသောက်ကို အစုံစားပါ။ ဒါပေမဲ့ ဘယ်တော့မှ အလွန်အကျွံမစားပါနဲ့။ မတူညီတဲ့ အရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊...
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့လေ့လာမှုအရ နှလုံးရောဂါဟာ အမေရိကန်နိုင်ငံမှာ သေဆုံးမှုနှုန်း အများဆုံးအကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှလုံးရောဂါအန္တရာယ်မှ ကာကွယ်နိုင်အောင် လေ့ကျင့်ခန်းလုပ်ပေးသင့်တာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိပြီး နှလုံးရောဂါကို ကာကွယ်မှုပေးနိုင်တယ်ဆိုတာ...
– စူး (ဆေးဝါးတက္ကသိုလ်) အဆီအအိမ့်စာတွေကို များများစားရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အဆီဓာတ်တွေလည်း ရှိပါတယ်။ အဲဒီအဆီဓာတ်တွေရရှိနိုင်ဖို့ အောက်ပါအစာတွေကို စားသင့်ပါတယ်။ – ငါး ဘယ်လိုအဆီပါဝင်သလဲ ဆယ်လ်မွန်၊ မက်ကရာယ်၊ ဟာအင်း၊...
မေး. ဆရာရုတ်တရက် နှလုံးအတက်ရခြင်း (Acute heart attack)ကို ပြုစုကုသနည်းလေးသိပါရစေ။ ဒေါက်တာတင့်ဆွေမှ ဖြေကြားပေးပါသည်။ ဖြေ. (၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်)နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။ (၂) Ventricular fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့...
၊ ကိုထက် ၊ အသက် ၆၅ နှစ်အရွယ် ဟေမန်ဒရာဂပ်တားဟာ အသက်ရှူရခက်ခဲပြီး ရင်ဘတ်အောင့်တဲ့ဝေဒနာကို ခံစားခဲ့ရတယ်။ သူခံစားရတဲ့ ဝေဒနာလက္ခဏာတွေက နှလုံးကျန်းမာရေးအခြေအနေကြောင့်ဖြစ်မယ်လို့ သူထင်ပြီး ဆေးသောက်နေခဲ့တယ်။ သူရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာ ပိုဆိုးလာချိန်မှာ ဆရာဝန်တွေ စမ်းသပ်လိုက်တဲ့အခါ သူ့နှလုံးနဲ့ ဘယ်ဘက်အဆုတ်ကြား ကြီးထွားနေတဲ့...
– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) နှလုံးခုန်နှုန်းမမှန်တာကို သတိမမူဘဲနေတာက အန္တရာယ်များပါတယ်။ ဒါကြောင့် နှလုံးခုန်နှုန်းမမှန်တဲ့လက္ခဏာတွေပေါ်လာရင် ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။ ပုံမှန်မဟုတ်ဘဲ ထူးဆန်းတဲ့ နှလုံးခုန်သံနဲ့အတူ တခြားနုန်းတာ၊ အသက်ရှူမဝတာနဲ့ ရင်ဘတ်အောင့်တာစတဲ့ နှလုံးပြဿနာတစ်စုံတစ်ရာရှိနေကြောင်းပြတဲ့ လက္ခဏာတွေပါတွဲပြီး ခံစားနေရရင်၊ နှလုံးခုန်မမှန်တာက အချိန် စက္ကန့်...
မေး ။ နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်သင့်ပါသလဲ ဆရာ။ Zin Zin (FB) အယ်ဒီတာအဖွဲ့ မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်မသောက်တတ်သူဆိုရင် ဘယ်တော့မှ အစလုပ်ပြီး ဆေးလိပ်မသောက်ကြည့်ပါနဲ့။...