Healthy Life Ad
Life Style

မီးအိမ်နဲ့ မျက်မမြင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက မြို့ငယ်လေး တစ်မြို့မှာ မျက်မမြင်တစ်ယောက် နေထိုင်ပါတယ်။ သူက ညဘက် အပြင်ထွက်တိုင်း၊ ထွက်တိုင်း သူ့ လက်ထဲမှာ မီးအိမ်တစ်လုံးယူသွား လေ့ရှိတယ်။

မှောင်မည်းတဲ့ ညတစ်ညမှာ တော့ မီးအိမ်တစ်လုံးနဲ့ လမ်းလျှောက်နေတဲ့ သူ့ကိုလည်းမြင်ရော အမျိုး သားလူအုပ်ကြီး တစ်ခုက ရယ်သွမ်း သွေးကြပါသတဲ့ . . ။
“ဟားဟား . . မျက်မမြင်က မီးအိမ်ယူတော့ ဘာများမြင်ရမှာ မလို့လဲ”

လူအုပ်ကြီးက တစ်ယောက် တစ်ပေါက်ပြောပြီး ရယ်မောဟား တိုက်တဲ့အခါ မျက်မမြင်ကယဉ်ကျေး စွာနဲ့-

“ဒီမီးအိမ်က ကျွန်တော့်အ တွက် မဟုတ်ပါဘူး။ မျက်စိမြင်တဲ့ ခင်ဗျားတို့တွေအတွက်ပါ . . မီးအိမ် မရှိရင် ခင်ဗျားတို့ ကျွန်တော့်ကို တိုက်မိမှာစိုးလို့ပါ”
ဒီတော့မှ မျက်စိမြင်တဲ့ လူအုပ် ကြီးအရှက်ရပြီး တောင်းပန်ရပါတော့တယ်။

ဒီပုံပြင်လေးကို ကြားဖူးပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီပုံပြင်လေးကို ပြန်ဖတ်မိလိုက်တဲ့အခါ တခြား လူအပေါ် မဝေဖန်ခင်၊ မပြောခင် နှစ်ကြိမ်ပြန်စဉ်းစားဖို့လိုတဲ့အကြောင်း၊ တခြားသူကို အပြစ်မတင်ခင် နှစ်ကြိမ် ပြန်တွေးသင့်တဲ့အကြောင်း ထပ်မံနားလည်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top