Healthy Life Ad
Life Style

ကျွန်မမှာ သားတစ်ယောက်ရှိခဲ့ရင် . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့ . . ကျွန်မမှာသားတစ်ယောက်ရှိခဲ့ရင် သူ့အသက်သုံးနှစ်အရွယ်ကစပြီး ပြောမယ့်စကားက “သားလေး . . အင်ဂျီနီယာဖြစ်ရမယ်လို့ မဟုတ်ဘူး၊ ရှေ့နေတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်လို့ မဟုတ်ဘူး။ သားလေးကြီးပြင်းလာတဲ့အခါ ဘာဖြစ်ရမယ်လို့မဟုတ်ဘူး။ ဘောလုံးသမားဖြစ်ချင်သလားဆက်လုပ် . . လူရွှင်တော်တစ်ယောက် ဖြစ်ချင်သလား . .ကြိုးစား” အဲဒီလို စကားကိုပဲ ဆက်ပြောမိမှာ . .

သူ့အသက် ၃၀ အရွယ်မှာ သူဟာ မျက်နှာမှာ မိတ်ကပ်တွေနဲ့ ချွေးပြန်နေတဲ့ လူရွှင်တော်ဝတ်စုံဝတ်ပြီး “မေမေ . . သား အသက် ၃၀ ရှိပြီ၊ အခု လူရွှင်တော်ဖြစ်နေပြီလေ . . ဒါ မေမေသားကို မြင်တွေ့စေချင်တဲ့ပုံစံလား”လို့ မေးလာခဲ့ရင် ကျွန်မ ပြုံးရယ်မိမယ်။

ပြီးတော့ သားလေးကို ပြောမယ့်စကားက-
“သားရေ . .မေမေက သားကို ဖိအားပေးမယ့် အလုပ်မလုပ်ချင်ဘူး။ သားက သင်္ချာကို စိတ်မဝင်စားတာ မေမေသိတယ်။ ကလေးတွေကို ပျော်ရွှင်အောင်လုပ်ရတာ သားကြိုက်မှန်း မေမေသိတယ်။ သေချာနားထောင်ပါ သားရေ . . ကမ္ဘာပေါ် မှာ လူနှစ်မျိုးနှစ်စားပဲရှိတယ်။ တစ်ခုက သူတို့သီး သန့်ကမ္ဘာထဲမှာပဲ နေသွားတဲ့သူ၊ နောက်တစ်မျိုးက တစ်ပါးသူကို ပျော်ရွှင်ချမ်းမြေ့စေရင်း နေထိုင်သွားတဲ့သူ . .
ဒီတော့ သားဟာ တစ်ပါးသူကို ဘယ်လိုနည်းနည်းပဲ ပျော်ရွှင်အောင်လုပ်ပေးနိုင်ပါစေ . . မေမေ ကျေနပ်တယ်”

တကယ်တော့ ဘယ်သူမဆို ကိုယ်အသက်မွေးဝမ်းကျောင်းပြုတဲ့ အလုပ်က တစ်ပါးသူကို အကျိုးပြုနိုင်ရင် လူသားအဖြစ် ရပ်တည်နေနိုင်မှုရှိပြီလို့ ကျွန်မထင်တယ်လေ . .။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top