Healthy Life Ad
International

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၏အကျိုးကြောင့် ၇၁ နှစ်ရှိပြီဖြစ်ကြောင်း ဘယ်သူမှ မယုံနိုင်ကြ

၊ ZKO ၊

အသက် ၇၁ နှစ်အရွယ်မှာ သူ့လောက် သန်စွမ်းဖို့ဆိုတာ မလွယ်ပါဘူး။ သူရဲ့ ကျက်သရေရှိတဲ့ မျက်နှာ၊ ကျစ်လျစ်သန်စွမ်းတဲ့ ခြေသလုံးတွေကို ကြည့်ပြီး ဘေဂျင်ကျင်းရဲ့ အသက်အမှန်ကို သိတဲ့အခါ အင်မတန် အံ့သြသွားကြပါတယ်။ သူက အသက် ၁၁ နှစ်အရွယ်ကတည်းက အားကစားခန်းမကို သွားခဲ့တာပါတဲ့။

“လူတွေက သူတိုရဲ့ ကျန်းမာရေးအခြေအနေ ဆုံးရှုံးသွားတဲ့အထိတိုင်အောင် ကျန်းမာရေးက ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ မသိကြသေးဘူး၊ ရောဂါဝေဒနာတွေ ဖြစ်လာမှ ကျန်းမာရေး အလေးထားမယ်ဆိုတော့ နောက်ကျသွားပြီလေ”ဆိုပြီး ဘေဂျင်ကျင်းက သူ့အမြင်ကို ပြောပြခဲံပါတယ်။

သူဟာ အရင်က ကျန်းမာရေး မကောင်းခဲ့တဲ့အတွက် သူ့ခန္ဓာကိုယ်ကို တည်ဆောက်ဖို့နဲ့ ကျန်းမာ ရေးကောင်းမွန်ဖို့ အားကစားကို စတင်လုပ်ဆောင် ဖြစ်ခဲ့သူပါ။

အခုလတ်တလောမှာ တစ်ပတ်ခြောက်ရက်ဆက်တိုက် အားကစားလုပ်ပြီး ယောဂ၊ အလေးမ လေ့ကျင့်ခန်း စတာတွေအပါအဝင် သန်စွမ်းစေတဲ့ ကျင့်စဉ်မျိုးစုံကို လုပ်ဆောင်ပါတယ်။
လေ့ကျင့်ခန်းက စပြီး ပြုလုပ်မိတာနဲ့ မလုပ်ရမနေနိုင်လောက်အောင် စွဲသွားတော့တာပဲလို့ ခန္ဓာကိုယ်သန်စွမ်းနေတဲ့ဘေဂျင်ကျင်းက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top