Healthy Life Ad
Life Style

အသက် ၂၀ ဝန်းကျင်အရွယ်တို့ စားသင့်သည့် အာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

အသက် ၁၉ နှစ်အရွယ်မှာ

အသက်၁၉နှစ်အရွယ် ရောက်လာတဲ့အခါ အသက် ၁၃ နှစ်ကနေ ၁၈နှစ်အရွယ်လောက်တုန်းက အာဟာဓာတ်တွေ ကောင်းကောင်းမွန်မွန် ရရှိခဲ့မယ်၊ သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ရှိခဲ့မယ်ဆိုရင် အခုအရွယ်မှာ လိုချင်တဲ့ အရပ်အမြင့်နဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိမှာဖြစ်သလို ကျန်းမာပြီး သွက်လက်တက်ကြွနေမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန် မတက်လွယ်

ငယ်ငယ်တုန်းက များများစားပေမယ့် ဘာလို့ ဝမလာတာလဲဆိုတော့ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဆက်လက်ဖွံဖြိုးကြီးထွားဖို့ သုံးနေရလို့ ဖြစ်ပါတယ်။ ဥပမာ- အရပ်ထွက်လာဖို့၊ တခြား အင်္ဂါအစိတ်အပိုင်းတွေ ကောင်းမွန်တဲ့ အခြေအနေရောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၂၅နှစ်လည်း ကျော်လာရော တခြား ကြီးထွားစရာတွေလည်း မလိုအပ်တော့တာကြောင့် စားသမျှ အရာတွေအားလုံး အဆီအဖြစ် ပြောင်းလဲကုန်ပါတယ်။ အဲဒီမှာ ပိုစားတော့ အဆီပိုတွေဖြစ်ပြီး ကိုယ်အလေးချိန် အတိုးမြန်လာတာပါပဲ။ အဲဒါကို သတိမထားမိဘဲ ပိုစားလာတာနဲ့အမျှ လှုပ်ရှားမှု ပြန်လုပ်နိုင်ရင် မဝတော့ပါဘူး။

၂၅ နှစ်အရွယ်နှင့် အထက်မှာ

အသက် ၂၅ နှစ်ကျော်လာတဲ့အခါ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်က ငယ်ငယ်တုန်းက ကောင်းသလောက် အခုချိန်မှာ တဖြည်းဖြည်း ပြန်ကျသွားပါတယ်။ အဲလို လျော့နည်းသွားတဲ့အခါ အဓိကက ပိုတက်ဆီယမ်ဓာတ်ကျပါတယ်။ ပိုတက်ဆီယမ်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကြွက်သားထုထည်ပမာဏက နည်းသွားပါတယ်။ အဲဒီတော့ အဆီ တစ်သျှူးပမာဏက ပိုများလာတတ်တာကြောင့် သက်လတ်ပိုင်းအရွယ် ရောက်တဲ့အခါ လူတွေ ဝလာတတ်တာဖြစ်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ဘယ်လောက်စားစား မဝတာက ဇီဝကမ္မလုပ်ငန်းဆောင်တာတွေ ကောင်းနေလို့ပါ။ ဒါပေမယ့် ၂၅နှစ်လည်းကျော်ရော တစ်နှစ်ကို နှစ်ရာခိုင်နှုန်း လျော့ကျပါတယ်။

အရင်တုန်းက ကိုယ်က ထမင်းတစ်ပန်းကန်စားတယ်ပေါ့။ အသက် ၂၅ နှစ်ကျော်တဲ့အခါ ထမင်းတစ်ပန်းကန်ပဲ ပုံမှန်စားပေမယ့် အရင်တုန်းကလောက် ဇီဝရုပ်ဖြစ်စဉ် မကောင်းတာကြောင့် တစ်နှစ်မှာ အနည်းဆုံး အဆီဓာတ်က ၂ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ကိုယ်အလေးချိန်တက်လာတာပါ . . .

ဒါကြောင့် ငယ်ငယ်တုန်းက ဝနေတာကို မထိန်းဘဲထားရင် အသက် ၂၅ နှစ်ကျော်လို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေလည်းကျရော ပိုဝလာမှာ သေချာပါတယ်။ အရင်တုန်းက ကိုယ်က ထမင်းတစ်ပန်းကန် စားတယ်ပေါ့။ အသက် ၂၅ နှစ်ကျော်တဲ့အခါ ထမင်းတစ်ပန်းကန်ပဲ ပုံမှန်စားပေမယ့် အရင်တုန်းကလောက် ဇီဝကမ္မဖြစ်စဉ် မကောင်းတာကြောင့် တစ်နှစ်မှာ အနည်းဆုံး အဆီဓာတ်က ၂ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ကိုယ်အလေးချိန်တက်လာတာပါ။
ကိုယ်အလေးချိန်ထိန်းနိုင်အောင် ဘယ်လိုစားသင့်သလဲ

(၁) အသက်၂၅နှစ်ကျော်လာတော့ ဇီဝကမ္မဖြစ်ပျက်မှုက နှေးကွေးလာပြီ ဖြစ်တာကြောင့် အဓိက မျှမျှတတစားပါ။ အသီးအရွက်တွေ စားနိုင်သလောက် စားပေးပါ။

(၂) နဂိုကလည်း အသားဓာတ် ရရှိနှုန်းက နည်းသွားပြီဖြစ်တဲ့အတွက် အသားတွေစားမယ်ဆိုရင် အဆီများတာထက် အဆီနည်းပရိုတင်းဓာတ်ရရှိအောင် စားဖို့လိုအပ်ပါတယ်။ ပဲများများ စားရပါမယ်။

(၃) ထမင်းစားတဲ့အခါမှာလည်း အရင်ကစားတာထက် လျှော့စားပေးသင့်ပါတယ်။ အရင်တုန်းက ထမင်းတစ်ပန်းကန်စားပေမယ့် နှစ်စွန်းလောက်လျှော့စားတာမျိုး၊ နောက်ပြီး ပြုပြင်ထားတဲ့ အစားအသောက်တွေဖြစ်တဲ့ ဘာဂါ၊ အချိုရည်၊ အနီရောင်အသား၊ ဖြူဖွေးသန့်စင်လွန်းတဲ့ သကြားတွေကို လျှော့စားရပါမယ်။

(၄) သွေးတွင်းကိုလက်စထရောလည်း တက်တတ်တာကြောင့် အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစားအသောက်ကို ပိုစားသောက်ရပါမယ်။ ပဲနို့သောက်တာ၊ ဆယ်လ်မွန်ငါး စတာတွေကို စားတာမျိုးလုပ်ပေးပါ။

(၅) လမ်းလျှောက်တာ၊ ပြေးတာ၊ အားကစားလုပ်တာ၊ လှေကားတက်တာတို့ ဆောင်ရွက်ပေးပါ။ နောက်ပြီး အိပ်ရေးဝ၀ အိပ်ပါ။ အိပ်ပျော်အောင် အိပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top