Healthy Life Ad
Q & A

ရေနွေးကြမ်းရဲ့ အစွမ်း . . .

မေး။ ။ အသက်ကြီးတော့ ရေနွေးကြမ်းပဲ သောက်ဖြစ်နေပါတယ်။ ရေနွေးကြမ်းရဲ့ အာနိသင်လေး သိချင်လို့ပါ။
ဦးပေါက်၊ ဒေးဒရဲ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ ရေနွေးကြမ်းသောက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ အထူးသဖြင့် လက်ဖက်စိမ်းလက် ဖက်ရည် (Green Tea) သောက်ရင် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ လက်ဖက်အစိုကို ရေနွေး ထဲထည့်ပြီး ရေနွေးကြမ်းအနေနဲ့ သောက်လေ့ရှိကြတယ်။ ဒါကလည်း ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ရေနွေးကြမ်းသောက်ရင် အစာခံတယ်။ အင်တီအောက်ဆီးဒင့်တွေလည်း အများကြီးပါတဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ပူတဲ့အချိန်မှာ ရေနွေးကြမ်းသောက်ပေးရင် ရေငတ်ပြေစေပါတယ်။ လူကို လန်းဆန်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top