Healthy Life Ad
Q & A

ရိုးရိုးရေနွေးကြမ်းနဲ့ Green Tea ဘာကွာသလဲ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. ရိုးရိုးရေနွေးကြမ်းနဲ့ Green Tea ဘာကွာခြားမှု ရှိပါသလဲ။
နွယ်နွယ် (FB)

A. ရိုးရိုးလက်ဖက်ရည်ကြမ်းနဲ့ Green Tea ဘာကွာသလဲဆိုရင် Green Tea တို့ ဂျင်ဆင်းတို့ထဲမှာ အင်တီအောက်ဆီးဒင့်တွေ ပါတဲ့အတွက် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။ ဓာတ်တိုးတာက ဆဲလ်တွေကို အိုမင်းရင့်ရော်စေတယ်၊ ပျက်စီးစေတယ်၊ ဓာတ်တိုးတာကြောင့် ကင်ဆာတွေ၊ ဆီးချိုသွေးချိုရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ Green Tea က အဲ့ဒီဓာတ်တိုးမှုတွေကို ဆန့်ကျင်ပေးပါတယ်။ နုပျိုစေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ရိုးရိုးလက်ဖက်ရည်ကြမ်းမှာတော့ အဲဒီအာနိသင်တွေ မပါပါဘူး။

Most Popular

Healthy Life Ad
To Top