Healthy Life Ad
Health Tips

ရေနွေးကြမ်းနဲ့ ဆံပင်သန့်စင်ရအောင် . . .

၊ လရိပ်မေ ၊

ရေနွေးကြမ်းအေးသွားလို့ ပိုနေရင် သွန်မပစ်ပါနဲ့။ ဆံပင်သားအတွက် အများကြီးအကျိုးရှိပါတယ်။

– မည်းနက်နေသော ဆံပင်

မည်းနက်နေတဲ့ရေနွေးကြမ်းကို ဆံပင်ပေါ်လောင်းချကာ ဆေးကြောလိုက်ပါ၊ ဆံပင်သားကို ပိုပြီး မည်းနက်စေပါတယ်။

– ဆေးဆိုးထားသော ဆံပင်

ရေနွေးကြမ်းထဲ လိမ္မော်ခွံ ဒါမှမဟုတ် သံပရာခွံစိမ်ပါ။ ပြီးရင် ဆံပင်တွေကိုဆေးကြောရာမှာ အသုံးပြုပေးပါ။ ဆံပင်သားအရောင်ကို ပိုတောက်ပစေပါတယ်။

– အဆီပြန်သော ဆံပင်

သုံးပြီးသား လက်ဖက်စိမ်းလက်ဖက်အိတ်ကို ရေထဲစိမ်ပြီး ဆံပင်တွေကို ဆေးကြောပေးပါ။ အဆီပြန်တာကို သက်သာစေပါတယ်။

– ဗောက်ထနေသော ဆံပင်

ရေနွေးထဲ ပင်စိမ်းရွက်စိမ်ထားပြီး ဆံပင်တွေကို စိုစွတ်အောင်လုပ်ကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဗောက်ထတာကိုသက်သာစေပါတယ်။

– ထိခိုက်အားနည်းသော ဆံပင်

ဆံပင်တွေ အားနည်းလွန်းလို့ သန်စွမ်းချင်တယ်ဆိုရင် ခေါင်းလျှော်ပြီးတိုင်းနောက်ဆုံးမှာ ရေနွေးကြမ်းကို လောင်းချလိုက်ပါ။ ဆံပင်သန်စွမ်းကြီးထွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top