Healthy Life Ad
Health Tips

ဆေးဝါးမလိုဘဲ ဒိုပါမင်းအဆင့်မြင့်တက်လာစေမည့် စမတ်ကျကျနည်းလမ်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဦးနှောက်ထဲမှာ ဒိုပါမင်းဓာတ် အထွက်နှုန်းတိုးလာမှ စိတ်ခံစားမှုကောင်းမွန်ပြီး တက်ကြွ လန်းဆန်းနေမှာပါ။ ဒါကြောင့် ဆေးဝါးမလိုဘဲဒိုပါမင်းအဆင့်မြင့်တက်လာစေဖို့ သဘာဝကျတဲ့နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

– ဝါသနာအသစ်ကို ရှာဖွေပါ

စိတ်ဝင်စားတဲ့ ဝါသနာကို အကောင်အထည်ဖော်ပေးရင် ဦးနှောက်ထဲမှာ ဒိုပါမင်းအဆင့် မြင့် တက်လာနိုင်ပါတယ်။ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံစားသောက်တာ၊ အိမ်မွေးခွေးတစ်ကောင်မွေးပြီး ပြုစုစောင့်ရှောက်တာ၊တံဆိပ်ခေါင်းတွေကို စုဆောင်းတာ၊ ပန်းချီဆွဲတာစတဲ့ နည်းလမ်းတွေက ဒိုပါမင်းအဆင့် မြင့်တက်လာစေတဲ့ နည်းတွေ ဖြစ်ပါတယ်။

-တိုင်ရိုစင်းဓာတ် ကြွယ်ဝသော အစာများ စားပါ

တိုင်ရိုစင်းဆိုတာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး ဒိုပါမင်းဓာတ်အထွက်များအောင် လှုံ့ဆော်ပေးပါတယ်။ တိုင်ရိုစင်းဓာတ် ကြွယ်ဝတဲ့ အစာတွေက ထောပတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊အမည်းရောင် ချောကလက်၊ ဒိန်ချဉ်၊ ဥအမျိုးမျိုး၊ကြက်သား၊ အမဲသားနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်တို့ဖြစ်ကြပါတယ်။

-လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် အန်ဒေါ်ဖင်ဓာတ် ထွက်နှုန်းများစေပြီး ပျော်ရွှင်စေပါတယ်။ခပ်သွက်သွက် လမ်းလျှောက်တာ၊ ဥယျာဉ်ခြံမြေစိုက်ပျိုးတာနဲ့ စက်ဘီးစီးတာတွေက ဒိုပါမင်းဓာတ်အထွက်တိုးစေတဲ့ နည်းတွေ ဖြစ်ပါတယ်။

-တရားထိုင်ပါ

တရားထိုင်ပြီး စိတ်ကိုငြိမ်းချမ်းအောင် ထားရင်လည်း ဦးနှောက်ထဲမှာ ဒိုပါမင်းဓာတ်ထွက်နှုန်း များစေပါတယ်။ တေးသီချင်း နားဆင်တာ၊ပန်းချီဆွဲတာ၊ စာရေးတာ စတဲ့ နည်းတွေကလည်းထိရောက်ပါတယ်။

(Ref;HD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top