Healthy Life Ad
Life Style

၅၁နှစ်အရွယ်အထိ အဲလ်မက်ဖာဆန် ကြည့်ကောင်းနေရသည့် အကြောင်းရင်း

စူး ( ဆေးဝါးတက္ကသိုလ် )
သြစတြေးလျစူပါမော်ဒယ် အဲလ်မက်ဖာဆန်ဟာ ဒီဇိုင်နာ၊ မင်းသမီးဖြစ်ပြီး အရွယ်ရောက်သား နှစ်ယောက်မိခင်လည်း ဖြစ်ပါတယ်။ သူ့အသက်က ၅၁နှစ်ရှိပြီဖြစ်ပေမယ့် သက်တူရွယ်တူတွေကြားမှာ သူက ပိုမိုနုပျိုပြီးဆွဲဆောင်မှုရှိနေပါတယ်။ ဒီအသက် အရွယ်အထိ သူဘာကြောင့် ဆွဲဆောင်မှုရှိရှိ ကြည် ကောင်းနေရတာလဲဆိုတဲ့ အကြောင်းရင်းကို မျှဝေလိုက်ပါတယ်။

တက်တက်ကြွကြွနေပါ
အဲလ်မက်ဖာဆန်က နေ့တိုင်း တစ်နာရီနီးပါး လေ့ကျင့်ခန်းလုပ်သူပါ။ တောင်တက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာနဲ့ အားကစားခန်းမမှာ သွားရောက် လေ့ကျင့်တာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ အားကစားလုပ်တဲ့အခါတိုင်း အဲလ်ဟာ iPodနဲ့ သီချင်းနားဆင်ရင်း တက်တက်ကြွကြွ လေ့ကျင့်တတ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ နေတဲ့နေ့ဆိုတာ မရှိပါဘူး။ အဓိကကတော့ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်တော့မှ လျစ်လျူရှူ မထားတတ်ပါဘူးလို့ အဲလ်က ဆိုပါတယ်။

ဟန်ချက်ညီညီ နေထိုင်ပါ
ဘဝမှာ ဘယ်လိုအရာက သင့်ကို ပျော်ရွှင်စေသလဲ၊ ဘယ်အရာက သန်စွမ်းကျန်းမာစေသလဲ . . အဲဒါကို သိအောင်ကြိုးစားပြီး ဟန်ချက်ညီညီ နေထိုင်သင့်ပါတယ်။ တစ်နေ့တာမှာ ဘယ်လိုစားသောက်ရင် ကျန်းမာရေးကောင်းနေသလဲဆိုတာ သိနားလည်ရပါမယ်လို့ အဲလ်ကဆိုပါတယ်။

စိတ်ခံစားမှုအတိုင်း လှုပ်ရှားပါ
“ သင်တကယ်ချစ်တာ သင်လုပ်ပါ၊ ကိုယ်တိုင် နဲ့ သူများကို မထိခိုက်စေဖို့တော့ လိုတာပေါ့” လို့ အဲလ်ကဆိုပါတယ်။ သူကတော့ စက်ဘီးစီးတာ၊ စကိတ်စီးတာစတဲ့ အားကစားတွေလုပ်ရတာ သဘောကျပြီး ဒီအရာတွေက ကိုယ်အလေးချိန် ထိန်းပေးနေတယ်လို့ အဲလ်က ပြောပါတယ်။

ထိရောက်သည့် လေ့ကျင့်ခန်းရွေးချယ်ပါ
အဲလ်ဟာ လက်မောင်းကြွက်သားတွေ ကျစ်လျစ်ဖို့နဲ့ ဝမ်းဗိုက်ချပ်ရပ်ဖို့ လေ့ကျင့်ခန်းတွေကို ဦးစားပေးလုပ်ဆောင်ပါတယ်။ လေ့ကျင့်ပြီးရင် အာဟာတန်ဖိုးရှိတဲ့ သစ်သီးဖျော်ရည်ကို သောက်ပါတယ်။ ဒါပေမဲ့ သရေစာကိုတော့ မစားပါဘူး။

တင်ပါးကြွက်သား လေ့ကျင့်ခန်းလုပ်ပါ
အဲလ်ဟာ အဆစ်တွေကို မထိခိုက်စေတဲ့ ထိုင်ထလေ့ကျင့်ခန်းကို လုပ်ဆောင်ပါတယ်။ ဘယ်လေ့ကျင့်ခန်းပဲလုပ်လုပ် ကိုယ်နေဟန်ထားမှန်ကန်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ အဲလ်က ဆိုပါတယ်။

“ နေ့တိုင်း ကျွန်မက မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပါတယ်။ အားကစားခန်းမမှာ ၄၅ မိနစ် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပါတယ်။ လမ်းလျှောက်တာနဲ့ ရေလွှာလျှောစီးတာကိုလည်း လုပ်ပါတယ်။ အနီရောင်အသား မစားပါဘူး၊ နို့နဲ့ နို့ထွက်ပစ္စည်းကိုလည်း မစားပါဘူး။ အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာတွေကိုလည်း ရှောင်ပါတယ်။ ဗီတာမင် အားဆေး သောက်တဲ့နည်းနဲ့ စွမ်းအင်အဆင့်ကို မြှင့်တင်ပါတယ်။ ဒီနေထိုင်မှုပုံစံက နေ့တိုင်း ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ဒီလို ကျန်းမာအောင်နေတဲ့ နေ့ရက်တွေအတွင်း အပ်စိုက်ကုထုံးနဲ့ အနှိပ်ခံတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ဖြစ်ပါတယ်” လို့ အဲလ်မက်ဖာဆန်က ပြောပြခဲ့ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top