Healthy Life Ad
Women

ကိုရီးယားလူမျိုးတို့၏ အသားဖြူဝင်းစေသည့် နည်းလမ်း

လရိပ်မေ

အနောက်နိုင်ငံတွေက မိန်းကလေးတွေဟာ နေရောင်ခြည်ထဲမှာ နာရီပေါင်းများစွာ အချိန်ဖြုန်းပြီး အသားညိုအောင် ကြိုးစားကြပါတယ်။
အသားညိုမလေးတွေက လှပတယ်လို့ ထင်ကြပေမယ့် ညိုအောင် နေရောင်ခံတာကြောင့် အိုမင်းလွယ်စေတာ၊ အရေးကြောင်း ထင်လွယ်တာနဲ့ အရေပြားကင်ဆာဖြစ်တာတို့ ဖြစ်စေနိုင်ပါတယ်။

အာရှလှပျိုဖြူတွေကျတော့ ဆန့်ကျင်ဖက်ပါပဲ။ အသားအရေလှပပြီး အသားဖြူစေမယ့်အရာတွေကို ရွေးသုံးကြပါတယ်။

(၁) သွားတိုက်ဆေး

သွားတိုက်ဆေးက အကောင်းဆုံး အသားဖြူစေတဲ့ အရာပါ။ ပိုးသတ်အစွမ်းရှိတာကြောင့် သွားတိုက်ဆေးက ဝက်ခြံတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။

သွားတိုက်ဆေး ထမင်းစားဇွန်းတစ်ဇွန်းနဲ့ သံပရိုရည် အစက် အနည်းငယ်ရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ (မျက်နှာပေါ်မလိမ်းခင် သင့်အရေပြားနဲ့ ဓာတ်မတည့်မှု ရှိ၊ မရှိ စမ်းသပ်လိုက်ပါဦး။

* (တံတောင်ဆစ် ဒါမှမဟုတ် လည်ပင်းမှာ နည်းနည်းသုတ်လိမ်းပြီး ငါးမိနစ်လောက် ထားပေးပါ။)

(၂) ရေနံဂျယ်လီ (Petroleum Jelly)

ရေနံဂျယ်လီက အသားအရေကို စိုပြည်စေပြီး ဖြူဝင်းစေပါတယ်။ မျက်နှာမှာ ရေနံဂျယ်လီ၊ ဂလစ်ဆရင်းအလှဆီ၊ ရှားစောင်းလက်ပပ်အနှစ်နဲ့ ဗီတာမင်အီးတို့ ရောလိမ်းပေးရင် အသားဖြူစင် လှပစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top