Healthy Life Ad
Health Tips

ညတိုင်း အိပ်ရေးဝ၀ အိပ်ပျော်စေမည့် နည်းဗျူဟာ

မီမိုး ( ဆေးဝါးတက္ကသိုလ် )

ညတိုင်းအိပ်ရေးဝ၀ အိပ်မောကျပြီး မနက်တိုင်း လန်းလန်းဆန်းဆန်း နိုးထလာစေမယ့် နည်းဗျူဟာရှိပါတယ်။ အဲဒါက ” ၁၀-၃-၂-၁-ဝ “ပဲ ဖြစ်ပါတယ်။ အဲဒီနည်းဗျူဟာက သင့်ကို ပြည့်ပြည့်ဝ၀ အနားရပြီး စွမ်းအင်အပြည့်ရှိနေအောင် ကူညီပေးမှာပါ။

၁၀- အိပ်ရာမဝင်ခင် ၁၀ နာရီအလိုကတည်းက ကဖင်းပါတဲ့ အစာမှန်သမျှရှောင်ပါ။
(ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ စွမ်းအားဖြည့်အချိုရည်၊ ချောကလက်စတဲ့ ကဖင်းဓာတ်ပါတဲ့ အရာတွေကို အိပ်ရာမဝင်ခင် ၁၀ နာရီအလိုကတည်းက ရှောင်သင့်ပါတယ်)

၃- အိပ်ရာမဝင်ခင် ၃ နာရီအလိုကတည်းက အစာ မစားပါနဲ့၊ အရက်မသောက်ပါနဲ့။
(အစာကြေဖို့နဲ့ အယ်လ်ကိုဟော စွန့်ထုတ်နိုင်ဖို့ စွမ်းအင်တွေ သုံးနေတဲ့အခါ ခန္ဓာကိုယ်က အနားမရနိုင်လို့ပါ)

၂- အိပ်ရာမဝင်ခင် ၂ နာရီအလိုမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။
(လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က တက်ကြွပြီး တော်တော်နဲ့ အိပ်မပျော်ဖြစ်တတ်လို့ပါ)

၁- အိပ်ရာမဝင်ခင် ၁ နာရီအလိုမှာ တီဗီမကြည်မပါနဲ့၊ ကွန်ပျူတာ မသုံးပါနဲ့၊ စမတ်ဖုန်း မသုံးပါနဲ့။
(အိပ်ရာမဝင်ခင် လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ မျက်စိကြောင် နေတတ်လို့ပါ)

ဝ- မနက်ခင်း နိုးစက်သံကို ပြန်ပိတ်ပြီး နောက်တစ်ကြိမ် နိုးစက် ပြန်ပေးတာမျိုး လုံးဝ (ဝ) မလုပ်ပါနဲ့။
ဒီနည်းအတိုင်းလိုက်နာရင် မနက်မှာ နိုးစက်သံကြားတာနဲ့ လန်းလန်းဆန်းဆန်း နိုးထလာပြီး နောက်ထပ်အချိန်နည်းနည်းလောက် ထပ်အိပ်ဦးမယ်ဆိုတာ မျိုးရှိတော့မှာ မဟုတ်ပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top