Healthy Life Ad
Health Tips

လေဖြတ်ခြင်းအတွက် ရှေးဦးကုထုံး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဦးနှောက်ထဲမှာ သွေးထွက်တဲ့အခါ ဒါမှမဟုတ် ဦးနှောက်ဆီကို သွေးစီးဆင်းမှု ပိတ်ဆို့ခံရတဲ့အခါ လေဖြတ်တတ်ပါတယ်။ မရှိမဖြစ် အာဟာရဓာတ်တွေ ချို့တဲ့တဲ့အခါ ဦးနှောက်ဆဲလ်တွေ စတင် သေဆုံးတတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ချက်ချင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ အကူအညီတောင်းပါ။ လေဖြတ်တာက အရေးပေါ် ဆေးကုသမှု လိုအပ်ပါတယ်။ ကုသမှုကို စောစောရရှိလေလေ ထိခိုက်မှုဖြစ်နိုင်ခြေ လျော့ကျလေလေပဲ ဖြစ်ပါတယ်။

လေဖြတ်တော့မယ့် အခြေအနေကို အစောဆုံးနဲ့ အမြန်ဆုံး သိနိုင်ဖို့ အောက်ပါသတိပေးလက္ခဏာ (FAST) တွေကို သတိထားရပါမယ်။

– မျက်နှာ (Face)
ပြုံးဖို့ကြိုးစားတိုင်း မျက်နှာတစ်ခြမ်းက ရွဲ့သွားသလား။

– လက်မောင်း (Arms)
လက်တွေကို မြှောက်ဖို့ ကြိုးစားတဲ့အခါ လက်တစ်ဖက်က နိမ့်သွားသလား။

– စကားလုံး (Speech)
စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြောနေသလား၊ ပြောတဲ့ စကားက ဝါးနေသလား၊ မပီမသဖြစ် နေသလား။

– အချိန် (Time)
လေဖြတ်တဲ့ အတောအတွင်း မိနစ်တိုင်းက အရေးကြီးပါတယ်။ ဆေးကုသမှု အမြန်ဆုံးရရှိဖို့ အကူအညီတောင်းပါ။

လေဖြတ်ခြင်းရဲ့ တခြားလက္ခဏာတွေက ခန္ဓာကိုယ်တစ်ခြမ်း အားနည်းတာ၊ ထုံတာ၊ အမြင်ဝေ၀ါးတာ၊ အထူးသဖြင့် မျက်စိတစ်ဖက်တည်း အမြင်ဝါးတာ၊ အကြောင်းရင်းမရှိဘဲ ခေါင်းမူးတာ၊ ရုတ်တရက်လဲကျတာ စတာတွေ ဖြစ်ကြပါတယ်။

လေဖြတ်နိုင်ခြေများတဲ့ အချက်တွေက သွေးတိုးတာ၊ အရင်က လေဖြတ်ဖူးတာ၊ ဆေးလိပ်သောက်တာ၊ ဆီးချိုသွေးချိုရောဂါရှိတာနဲ့ နှလုံးရောဂါရှိတာ စတဲ့အချက်တွေ ဖြစ်ပါတယ်။ အသက်ကြီးတာနဲ့အမျှ လေဖြတ်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top