Healthy Life Ad
Health Tips

မဂ္ဂနီဆီယမ်ဓာတ်သည် လေဖြတ်ခြင်းကို လျော့ကျစေနိုင်

———၊ zko ၊———

မဂ္ဂနီဆီယမ်ပေါများစွာ ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ပဲသီးတွေကို စားတာက လေဖြတ်နိုင်ခြေကို လျော့ကျစေတယ်လို့ လူနှစ်သိန်းခွဲကို လေ့လာမှုအရ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ်တာကာလက အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံနဲ့ အာရှဒေသနိုင်ငံတွေရှိ လူဦးရေ နှစ်သိန်းခွဲကျော်ကို လေ့လာမှုခုနှစ်ခု ပြုလုပ်ခဲ့တဲ့အခါ မဂ္ဂနီဆီယမ်များစွာ ပါဝင်တဲ့ အစားအစာတွေကို စားတဲ့လူ ၆၅၀ဝ ခန့်ဟာ လေဖြတ်နိုင်ခြေ လျော့ကျခဲ့တာကို တွေ့ရပါတယ်။

တစ်နေ့မှာ လူတစ်ယောက်က မဂ္ဂနီဆီယမ် ၁၀ဝ မီလီဂရမ်အပိုစားတိုင်း သွေးခဲမှုကြောင့် အဓိကဖြစ်ပေါ်တတ်တဲ့ လေဖြတ်အန္တရာယ်ကို ၉ ရာခိုင်နှုန်း လျှော့ချနိုင်တာကို လေ့လာမှုအရ တွေ့ရှိရပါတယ်။

အသက် ၃၁ နှစ်ကျော်သူ အမျိုးသားက မဂ္ဂနီဆီယမ် ၄၂၀ မီလီဂရမ်၊ အမျိုးသမီးက မဂ္ဂနီဆီယမ် ၃၂၀ မီလီဂရမ် အသီးသီးမှီဝဲဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံက သတ်မှတ်ထားပါတယ်။

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာတို့မှာ ဆိုဒီယမ်နည်းပါးစွာ ပါဝင်ပြီး ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာပါဝင်နေပါတယ်လို့ ဒတ်ခ်တက္ကသိုလ် ဆေးစင်တာရှိ ဒေါက်တာဂိုးစတိန်းက ဆိုပါတယ်။

(Ref;The Straits Times)

Most Popular

Healthy Life Ad
To Top