Healthy Life Ad
Life Style

သင် ခင်မင်နေမိတဲ့သူက ဘယ်လိုလူမျိုးလဲ

လူတွေထဲမှာ နေထိုင်ရင် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေကိုပဲ သင် စိတ်ပူရမှာ မဟုတ်ပါဘူး။ စိတ်ခံစားချက်တွေကလည်း လူတစ်ယောက်နဲ့ တစ် ယောက်ကူးစက်တတ်တဲ့အတွက် သင့်ကျန်းမာရေး၊ ပျော်ရွှင်ကျေနပ်မှုနဲ့ ဘဝတိုးတက်ရေးတွေအတွက် သင် ခင်ခင်မင်မင် ပေါင်းသင်းနေတဲ့သူကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

– ခါးပိုတုတ်လာတယ်ဆိုရင်

အစားမက်သူနဲ့ ခင်မင်နေသလား ဆန်းစစ်ပါ

အပြင်မှာ စားတဲ့အခါ အများအားဖြင့် လူတွေ က ကိုယ့်မိတ်ဆွေနဲ့ ပုံစံတူ အစားအသောက်ကို မှာ စားဖြစ်တာ များတတ်ပါတယ်။ သင့်အနေနဲ့ ခါးအ တိုင်းအတာ မတုတ်အောင် သတိထားနေတယ်ဆို ရင် သင့်မိတ်ဆွေထက်အရင် ကိုယ့်ကျန်းမာရေးနဲ့ ကိုယ်အလေးချိန်အတွက် သင့်တော်တဲ့ အစား အသောက်ကို အရင်ဆုံး မှာသင့်ပါတယ်။

– ဘဝက ခါးတယ်လို့ ထင်နေတယ်ဆိုရင်

အဆိုးမြင်အတွေးရှိသူနဲ့ ခင်မင်နေသလားဆန်းစစ်ပါ

အဆိုးမြင်အတွေးရှိတဲ့ အခန်းဖော်နဲ့ အတူနေ ထိုင်တဲ့ တက္ကသိုလ်ကျောင်းသားအသစ်တွေဟာ သုံး လလောက်ကြာပြီးချိန်မှာ အဆိုးမြင်အတွေးတွေကို တွေးမိနိုင်ခြေ ပိုများတတ်ပါတယ်။ ဘဝရဲ့ စိန်ခေါ်မှု တွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ နဲ့ ပတ်သက်ပြီး တခြားသူတွေရဲ့ လွှမ်းမိုးမှု ခံရနိုင်ခြေ များပါတယ်။

– ဘဝက ပိုနေပျော်ဖို့ ကောင်းတယ်လို့ ထင်မိတယ်ဆိုရင်

အကောင်းမြင်တတ်သူနဲ့ ခင်မင်နေလား ဆန်းစစ်ပါ

အကောင်းမြင် အတွေးတွေကလည်း တစ်ဦးနဲ့ တစ်ဦး ကူးစက်နိုင်ခြေ များတယ်လို့ ဆန်ဒေးဂိုးရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်လေ့လာသူတွေက လူ ငါးထောင်နီးပါးကို လေ့လာမှုအရ သိရပါ တယ်။ သင် ပျော်ရွှင်နေတဲ့အခါ သင်နဲ့ တစ်မိုင်အကွာအတွင်း အတူနေတဲ့ သူငယ်ချင်းဟာလည်း ပျော်ရွှင်နိုင်ခြေ ၂၅ ရာခိုင်နှုန်း ပိုများပြီး သင့်အိမ်နီးချင်းဟာ ပျော်ရွှင် နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများပါတယ်။

– ဆေးလိပ်ဖြတ်ဖို့ အတွေးဝင်လာရင်

ဆေးလိပ်ဖြတ်နိုင်သူတွေနဲ့ ခင်မင်နေပြီလားဆန်းစစ်ပါ

ဆေးလိပ်ဖြတ်နေတဲ့ သူရဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းနဲ့ မိသားစုဝင်တွေဟာဆေးလိပ်သောက် နိုင်ခြေ ၃၆ ရာခိုင်နှုန်း ပိုနည်းတယ်လို့ လေ့လာမှုအ ရ သိရပါတယ်။ ဆေးလိပ်ဖြတ်ထားသူတွေရဲ့ မိတ် ဆွေသူငယ်ချင်းတွေက ဆေးလိပ်စသောက်ဖြစ်နိုင် ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းမှုရှိပါတယ်။

– သင် စိတ်ဖိစီးမှုပိုများလာတယ်ဆိုရင်

အပူများသူတွေနဲ့ ပေါင်းသင်းနေမိပြီလား ဆန်းစစ်ပါ

ဦးနှောက်ဟာ တခြားသူတွေရဲ့ စိတ်ဖိစီးမှုအပူ ကို ဆန်းစစ်သိရှိနိုင်ခြေများပါတယ်။ အကြောင်းက စိတ်ဖိစီးမှုများတဲ့သူဟာ အသက်ရှူနှုန်း မြန်တတ် လို့ပါ။ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းအထွက်တိုးတာ ကြောင့် အသက်ရှူမြန်ရတာဖြစ်ပါတယ်။ စိတ်ဖိစီးမှု များတဲ့သူနဲ့ အတူနေတဲ့ သူတွေဟာလည်း စိတ်ဖိစီးမှု များတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှု များနေတဲ့အခါ အနားယူပြီး အိပ်ရေးဝ၀ အိပ်စက်ပါ။ ဒါက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ သင့် ပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ချမ်းသာစေပါ တယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top