Healthy Life Ad
International

ရည်းစားက ခုတ်ဖြတ်လိုက်၍ ပြတ်သွားသည့် လိင်အင်္ဂါကို အောင်မြင်စွာပြန်ဆက်နိုင်ခဲ့

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၂၆ နှစ်အရွယ် အာရှက်ဟာ မိဘသဘောတူထားတဲ့အမျိုးသမီးနဲ့ လက်ထပ်ခါနီးမှာ နောက်ဆုံးအကြိမ်အဖြစ် အသက် ၃၀အရွယ် ချစ်သူအမျိုးသမီးနဲ့ ချိန်းတွေ့ခဲ့ပါတယ်။ လက်ထပ်တော့မှာကို သိသွားတဲ့ ချစ်သူအမျိုးသမီးဟာ ဒေါသထွက်သွားပြီး သူတို့နှစ်ဦး ရောက်နေရာ တည်းခိုခန်းထဲမှာ အာရှက်ရဲ့လိင်အင်္ဂါကို ဓားနဲ့ခုတ်ဖြတ်ခဲ့ပါတယ်။ ကပ်ရပ်အခန်းတွေမှ ဧည့်သည်တွေက အာရှက်ရဲ့အော်သံကို ကြားခဲ့ပြီး အရေးပေါ်ကားခေါ်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။


ဆရာဝန်တွေက ၈ နာရီကြာခွဲစိတ်မှုအတွင်း အာရှက်ရဲ့လိင်အင်္ဂါကို အောင်မြင်စွာပြန်ဆက်နိုင်ခဲ့ပါတယ်။ ခွဲစိတ်ရာမှာပါဝင်ခဲ့တဲ့ ဒေါက်တာ ခရစ်ရှ နာကူးမားက လိင်အင်္ဂါထဲမှ ရှုပ်ထွေးတဲ့တည်ဆောက်ပုံတွေကို ပြန်ပြင်ဆင်ပေးခဲ့ရတယ်လို့ ပြောပြပါတယ်။ အင်္ဂါဆီသို့သွေးပို့ဆောင်တဲ့ သွေးလွှတ် ကြောတွေ၊ သွေးသယ်ဆောင်တဲ့ သွေးပြန်ကြောတွေနဲ့ အာရုံခံစားမှုဖြစ်စေတဲ့ အာရုံကြောတွေ စတာတွေကို ပြန်လည်ပြုပြင်ပေးခဲ့ရတယ်လို့ ရှင်းပြခဲ့ပါတယ်။

လူနာဟာ ၄ ပတ်အတွင်း ပုံမှန်ပြန်ဖြစ်သွားဖို့ မျှော်မှန်းထားကြောင်းနဲ့ ဆေးရုံက ဆင်းသွားကာ အိမ်မှာ အနားယူနေကြောင်းသိရပါတယ်။ ရဲတွေက အဆိုပါအမျိုးသမီးကို ခေါ်ယူစစ်ဆေးနေတယ် လို့သိရပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top