Healthy Life Ad
Health Tips

သင်ရဲ့ ပေါင်းသင်းဆက်ဆံရေးက သင့်ကို ဘယ်လောက် ကျန်းမာစေသလဲ . .

စူး (ဆေးဝါးတက္ကသိုလ်)

သင်ခင်မင်ပေါင်းသင်းနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေက သင်ရဲ့စိတ်နဲ့ခန္ဓာကို ဘယ်လောက် ကျန်းမာစေသလဲဆိုတာ လေ့လာကြည့်ရအောင်လား။ အောက်ပါအကြောင်းအရာတိုင်းအတွက် မှန်/မှား ဖြေပေးပါ။

(၁) သင့်မှာ ပြဿနာတစ်ခုဖြစ်တိုင်း သင့်သူငယ်ချင်းတွေက အပြုသဘောဆောင်တဲ့ ဖေးမကူညီမှု ပေးတယ်။

(၂) သင့်သူငယ်ချင်းတွေက ဘာကိစ္စမဆို သူတို့လုပ်တဲ့အတိုင်း လိုက်လုပ်ဖို့ သင့်ကို အတင်းအကျပ် မတိုက်တွန်းပါဘူး။

(၃) အမြဲပေါင်းဖော်နေတဲ့ သင့်သူငယ်ချင်းတွေက လတ်တလောအခြေအနေမှာ ကိုယ်အလေးချိန် အလွန်အကျွံ မြင့်တက်လာတာမျိုး မရှိဘူး။

(၄) သင့်အနေနဲ့ ပြဿနာတစ်ရပ်ကို မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ လိုအပ်လာပြီဆိုရင် သင့်သူငယ်ချင်းတွေက သင့်အနားမှာ ရှိနေတတ်တယ်။

(၅) သင့်သူငယ်ချင်းတွေက သင်ကလွဲရင် သူတို့ဘဝမှာ ဘယ်သူမှမရှိသလို ခံစားရကြောင်း ရင်ဖွင့်လေ့ရှိတယ်။

(၆) သင့်မိသားစုအခြေအနေ ဒါမှမဟုတ် သင့်အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သင့်သူငယ်ချင်းတွေက စာနာနားလည်စွာ နားထောင်ပေးလေ့ရှိတယ်။

(၇) သင့်သူငယ်ချင်းတွေက သင့်ကို အကူအညီတချို့ တောင်းလေ့ရှိပြီး အဲဒီအကူအညီတွေအတွက်လည်း သင့်ကို အသိအမှတ်ပြု ကျေးဇူးတင်တတ်တယ်။

(၈) သင့်သူငယ်ချင်းတွေက ဆေးလိပ်မသောက်တတ်ကြပါဘူး။ (တစ်ယောက်တလေက ဆေးလိပ်သောက်ခဲ့ရင်တော့ နိုးဆိုတဲ့ အဖြေကိုယူပါ။)

(၉) သူတို့ဝမ်းနည်းတဲ့အခါမှာ သင့်ပခုံးပေါ်မှာ ငိုကြွေးလိုကြပြီး သင်ငိုတဲ့အလှည့်ရောက်ရင်လည်း သူတို့ရဲ့ပခုံးတွေက အဆင်သင့်ရှိနေတတ်တယ်။

(၁၀) သင်ဟာ ပုထုစဉ်လူသားတစ်ယောက်ဖြစ်လို့ အမြဲတမ်းတော့ စင်းလုံးချော ဖြစ်မနေနိုင်ဘူးဆိုတာ သင့်သူငယ်ချင်းတွေက နားလည်ကြပါတယ်။

(၁၁) သင့်သူငယ်ချင်းတွေက (ဝိတ်လျှော့ဖို့လိုရင်) ကိုယ်အလေးချိန်လျှော့ချဖို့အတွက် သင့်တော်ကောင်းမွန်တဲ့ အစားအသောက်စားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေကို ပြုလုပ်တတ်ကြပါတယ်။

(၁၂) သင်ရဲ့ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး သဘောမကျရင်တောင် သင့်ခံစားချက်ကို နားလည်လက်ခံပေးဖို့ သင့်သူငယ်ချင်းတွေက ကြိုးစားတတ်ကြတယ်။

(၁၃) သင့်သူငယ်ချင်းတွေက သူတို့ရဲ့ အိမ်ထောင်ရေး ဒါမှမဟုတ် မိသားစုဘဝနဲ့ ပတ်သက်ပြီး ကျေနပ်နေတဲ့ပုံပေါ်တယ်။

(၁၄) သင့်သူငယ်ချင်းတွေက သင်ဖုန်းခေါ်တိုင်း အချိန်ပေးပြောလေ့ရှိသလို အချိန်ပေးပြီး တွေ့ဆုံလေ့ရှိပါတယ်။

(၁၅) သူတို့က သင့်ကွယ်ရာမှာ သင့်အကြောင်း အတင်းမပြောတတ်ပါဘူး။

(၁၆) သင့်သူငယ်ချင်းတွေမှာ တခြားသူငယ်ချင်း အပေါင်းအသင်း အများကြီးရှိနေသေးတယ်။

(၁၇) သင့်သူငယ်ချင်းတွေက သင်နဲ့ အွန်လိုင်း၊ ဖုန်း ဒါမှမဟုတ် လူကိုယ်တိုင် ဆက်သွယ်တာမျိုးကို အနည်းဆုံး တစ်လတစ်ကြိမ်တော့ လုပ်ပါတယ်။

(၁၈) သင့်သူငယ်ချင်းတွေက သင့်ကို အများကြီး ရယ်မောပျော်ရွှင်စေပါတယ်။

Most Popular

Healthy Life Ad
To Top