Healthy Life Ad
International

ငယ်သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေက ကျန်းမာရေး ကောင်းမွန်တတ်ဟုဆို

၊ မိုးမင်းထွန်း ၊

သုတေသီတွေက ဆယ်ကျော်သက်လူငယ် ၁၆၉ ယောက်တို့ရဲ့ အသက် ၁၅ နှစ်မှ ၂၅ နှစ်အထိ ၁၀ နှစ်တာ စိတ်ကျန်းမာရေးကို စူးစမ်းခဲ့ကြပါတယ်။ ရလဒ်တွေအရ ငယ်ရွယ်ချိန်မှာ အပေါင်းအသင်း မများဘဲ ရင်းနှီးတဲ့သူငယ်ချင်းအနည်းငယ်သာရှိသူတွေက အပေါ်ယံအပေါင်းအသင်းများသူတွေထက် အရွယ်ရောက်ချိန်မှာစိတ်ကျန်းမာရေး ပိုမိုကောင်း မွန်တတ်ကြကြောင်းတွေ့ ရှိခဲ့ပါတယ်။

အသက် ၁၅ နှစ်မှာ ရင်းနှီးတဲ့ သူငယ်ချင်းရှိ သူတွေက အသက် ၂၅ နှစ်မှာ စိတ်ဓာတ်ကျတာ၊ လူမှုရေးစိတ်ပူရတာနည်းတဲ့ လက္ခဏာတွေတွေ့ရ ပြီး အပေါ်ယံ အပေါင်း အသင်းများသူတွေထက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုအားကောင်းတယ်လို့သိရပါတယ်။ ရင်းနှီးတဲ့ခင်မင်မှုကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်တွေဖြစ်စေပြီး ကိုယ်ပိုင်ဂုဏ်သိက္ခာ တည်ဆောက်ရာမှာ အရေးပါသလို ရေရှည်အပြန်အလှန် ကူညီအားပေးတဲ့ ခင်မင်မှုမျိုးကို တည်ဆောက်နိုင်စေကြောင်းသိရပါတယ်။ နည်းပညာကြောင့် အပေါ်ယံအပေါင်းအသင်းပြုလုပ်ရတာ လွယ်ကူလာတာကြောင့် လူနည်း နည်းလေးနဲ့ ရင်ဘတ်မိတ်ဆွေဖြစ်အောင်ပြုစုတည်ဆောက်ဖို့ ဦးစားပေးသင့်ကြောင်း လေ့လာမှုမှာပါဝင် သူ ဗာဂျီးနီးယားတက္ကသိုလ် စိတ်ပညာပါမောက္ခဂျိုးဇက်အယ်လန်က ရှင်းပြပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top