Healthy Life Ad
Health Tips

ရင်ပူခြင်းအတွက်သဘာဝကုထုံးများ

၊ ငွေကြယ်စင်ယံ ၊

ဆီကြော်စာ၊ ပူစပ်တဲ့ ဟင်းလျာတွေ စားပြီးတဲ့အခါမှာ ဖြစ်ဖြစ်၊ အစာများများစားပြီးချိန်မှာဖြစ်ဖြစ် ရင်ပူတဲ့ဝေဒနာဖြစ်တတ်ပါတယ်။ ရင်ပူဝေဒနာ သက်သာစေဖို့ သဘာဝကုထုံးတွေကို သုံးနိုင်ပါတယ်။

– ပီကေဝါးပါ

ကြက်သွန်ဖြူစားလို့ ပါးစပ်နံတာ သက်သာစေဖို့ ပီကေဝါးနိုင်ပါတယ်။ အစာစားပြီး ပီကေဝါးပေးရင် ရင်ပူတဲ့ဝေဒနာကို သက်သာစေပါတယ်။ ပီကေဝါးတာကြောင့် တံတွေးစီးဆင်းနှုန်းကောင်းစေပြီး အစာအိမ်အက်ဆစ်ထွက်နှုန်းကိုလည်းသက်သာစေပါတယ်။

– ဆော်ဒါမှုန့် သုံးပါ

ရင်ပူဝေဒနာ သက်သာစေဖို့ ဆော်ဒါမှုန့်ကိုလည်း သုံးနိုင်ပါတယ်။ ဆော်ဒါမှုန့်က Base အမျိုးအစားဖြစ်တဲ့အတွက် အစာအိမ်အက်ဆစ်ကို ချေဖျက်ပေးပါတယ်။ ဆော်ဒါမှုန့် လက်ဖက်စားဇွန်း တစ်ဝက်နဲ့ တစ်ဇွန်းကြားကို ရေတစ်ဖန်ခွက်ကိုရောပြီး သောက်ပေးနိုင်ပါတယ်။

– နွယ်ချိုမှီဝဲပါ

နွယ်ချိုဟာအစာအိမ်ကို အနာကျက်စေတဲ့ သဘာဝအစွမ်းသတ္တိရှိပါတယ်။ နွယ်ချိုကိုအများအပြား စားတာကြောင့်သွေးတိုးတာလို ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တဲ့အတွက် သွေးတိုးရောဂါရှိသူတွေအတွက် မသင့်တော်ပါဘူး။

– ရှားစောင်းလက်ပပ်ဖျော်ရည်သောက်ပါ

ရှားစောင်းလက်ပပ်ဟာ ရင်ပူဝေဒနာကို သက်သာစေသလို အစာအိမ်ကသိကအောက်ဖြစ်တဲ့ ဝေဒနာကိုလည်း လျော့ပါးစေပါတယ်။ အစာမစားခင် ရှားစောင်းလက်ပပ်ဖျော်ရည် ခွက်တစ်ဝက်လောက် သောက်ပေးပါ။ ဒါဆိုရင် ရောင်ရမ်းမှု လျော့ကျစေတဲ့အပြင် ဝမ်းမှန်မှန်သွားစေပါတယ်။

(Ref;HD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top