Healthy Life Ad
Q & A

ပိန်ပြီး အားသိပ်မရှိပါ . . .

မေး ။ ။ ပိန်နေလို့ဗျာ။ အားလည်းသိပ်မရှိဘူး ဖြစ်နေတယ်။ နည်းလမ်းလေးရှိရင် ပြောပြပါလား။

သီဟအောင် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ ဝင်ငွေထက် ထွက်ငွေများရင် စုဆောင်းငွေနည်းရသလို စားတဲ့အစားအစာမှာပါတဲ့ ကယ်လိုရီထက် ကိုယ်ခန္ဓာကသုံးတဲ့ ကယ်လိုရီက ပိုများတဲ့အခါ အဆီပိုအဖြစ် မသိုလှောင်နိုင်ဘဲ ပိန်စေပါတယ်။ တချို့နာတာရှည် ကူးစက်ရောဂါတွေ-ဥပမာ တီဘီရောဂါနဲ့ တချို့သော ဟော်မုန်းဆိုင်ရာ ရောဂါတွေကြောင့်လည်း စားနေပါလျက်နဲ့ ပိန်နေတာမျိုး ဖြစ်တတ်ပါတယ်၊။ အာဟာရပြည့်ဝတဲ့ အသီးအနှံ၊ သားငါး၊ နို့အစုံစားသောက်ပါ။ စားနေပါလျက်နဲ့ ပိန်ပိန်လာရင်တော့ ဆေးစစ်ဆေးကြည့်ဖို့ လိုပါကြောင်း ဖြေကြားလိုပါတယ်၊။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top