Healthy Life Ad
Health Tips

အလိုလိုနေရင်း အားမရှိဖြစ်နေလျှင်

အားမရှိတာက တချို့အကြောင်းရင်းတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။

– နေ့စဉ်နေထိုင်မှုပုံစံကြောင့် စိတ်ဖိစီးမှုများတာ။

ဥပမာ- အိပ်ရေးမဝတာ၊ ညတာဝန်ကျတာ။

– စိတ်ဓါတ်ကျခြင်း၊ ပူပင်စိတ်များခြင်း၊ ပူဆွေးသောကရောက်ခြင်း။

– အိပ်ချိန်အလွန်နည်းပါခြင်း၊ အိပ်ချိန်အလွန်များခြင်း။ ဥပမာ- ဟောက်တာ၊ အိပ်မပျော်တာ၊ အိပ်ရင်း အသက်ရှူမမှန်တာ။

– ရောဂါတစ်ခုခုရှိတာကြောင့် အားမရှိတာ၊ ဥပမာ- တုပ်ကွေးဖြစ်ပြီးချိန်နဲ့ တခြားကျန်းမာရေးထိခိုက်မှု ဖြစ်ရတဲ့အခြေအနေတွေ။

အားမရှိရင် ….

– အရင်ဦးဆုံး အိပ်ရေးဝအောင် အိပ်ကြည့်ပါ။

– အာဟာရရှိတဲ့ အစားအစာတွေကို များများစားပါ။

– စိတ်ရော၊ လူပါဖိစီးမှုနည်းတဲ့ အခြေအနေမှာ အနားယူပြီးနေကြည့်ပါ။

– ဒီလိုလိုက်နာပေမယ့် အားမရှိဘဲ နုံးနေရင် ဆရာဝန်နဲ့ပြသ တိုင်ပင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top