Healthy Life Ad
Q & A

အားနည်းတိုင်း အားဆေးသောက်သင့်ပါသလား . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကျွန်မအသက် ၅၀ ကျော်ပါပြီ။ အသက် ၅၀ ကျော်ရင် အားဆေးသောက်ဖို့ လိုပါသလား။ အားနည်းတိုင်း အားဆေးသောက်သင့်ပါသလား ဆရာ။
DK (FB)

A. အားနည်းတယ်ဆိုတာလည်း မျိုးစုံရှိပါတယ်။ တချို့က စိတ်ပိုင်းဆိုင်ရာ အခြေအနေအရ အားနည်းနေတယ်လို့ ခံစားနေရတာလည်း ရှိပါတယ်။ ခန္ဓာကိုယ်က တကယ်ဓာတ်တွေ လိုမနေဘူးဆိုရင် သောက်ဖို့မလိုအပ်ပါဘူး။ ဆေးနှစ်မျိုး၊ သုံးမျိုး တွဲသောက်ဖို့တော့ မသင့်ပါဘူး။ အားဆေးတွေမှာ အများအားဖြင့်တော့ အခြေခံပါဝင်တဲ့ဓာတ်တွေက အတူတူတွေပါပဲ။ တချို့ဗီတာမင်တွေက လိုတာထက်ပိုပြီး သောက်လို့မကောင်းတာတွေ ရှိပါတယ်။ ဥပမာ- ဗီတာမင်အေဓာတ်က လိုအပ်တာထက် များသွားတယ်ဆိုရင် အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်ပဲ သောက်တာကောင်းပါတယ်။ အသက် ၅၀ ကျော်တာနဲ့ အားဆေးတွေ သောက်သင့်တယ်လို့လည်း မရှိပါဘူး။

Most Popular

Healthy Life Ad
To Top