Healthy Life Ad
Health Tips

ကြက်ဥ/ဘဲဥ သုံးပြီး မျက်နှာနဲ့ ဆံပင် ထိန်းသိမ်းရအောင်

၊ လရိပ်မေ ၊

ကြက်ဥ/ဘဲဥကို အခွံခွာပြီး နံနက်စာချက်ပြုတ်ပြင်ဆင်နေချိန်မှာ ကြက်ဥ/ဘဲဥခွံမှာ ကပ်နေတဲ့အရည်ကိုယူပြီး မျက်နှာကို ပေါင်းတင်ကြည့်ရအောင်။

– မျက်အိတ်ဖောင်းနေလျှင်
ကြက်ဥ/ဘဲဥအကာကို ယူပြီး မျက်ခွံအောက်မှာလိမ်းပေးပါ။ ခြောက်သွေ့အောင်ထားပြီးမှ ရေနဲ့ဆေးကြောလိုက်ရင် မျက်အိတ်ဖောင်းတာကို သက်သာလျော့ပါးစေပါတယ်။

– အဆီပြန်သော အသားအရေရှိလျှင်
ကြက်ဥအကာကို မျက်နှာပေါ် သုတ်လိမ်းပေးပြီးခြောက်သွေ့တဲ့အခါ ရေနဲ့ ဆေးကြောပေးလိုက်တာ ကအသားအရေကို အဆီပြန်တာ လျော့ပါးစေတဲ့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်တယ်။

– ဆံပင်စတိုင်ကျလိုလျှင်
ကြက်ဥ/ဘဲဥအကာအရည်ကို ယူပြီး ဆံပင်အဖျားတွေကို သုတ်လိမ်းပေးလိုက်ရင် ဆံပင်လိမ်းဂျဲလ်လိမ်းထားသလို သေသပ်လှပစေမှာပါ။ ခေါင်းလျှော်ခါနီးတိုင်း ဆံပင်ကို ကြက်ဥ/ဘဲဥတစ်လုံးသုံးပြီး သုတ်လိမ်းကာပေါင်းတင်ပေးပါ။ ဆံပင်သား ထိခိုက်နွမ်းနယ်ခြောက်သွေ့မှု လျော့ကျစေပြီး ဆံပင်သား သန်စွမ်းလှပကြည့်ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top