Healthy Life Ad
Life Style

သင်္ကြန်ပွဲဆင်နွှဲပြီး အိမ်ပြန်ရောက်ချိန် အသားအရေပေါင်းတင်နည်းလေးသွယ်

၊ လရိပ်မေ ၊

အတာသင်္ကြန်ပွဲ ဆင်နွှဲပြီး အိမ်ပြန်ရောက်တဲ့အခါ နေဒဏ်၊ လေဒဏ်နဲ့ရေဒဏ်ခံခဲ့ရတဲ့ အသားအရေ၊ လက်သည်း ခြေသည်းနဲ့ တစ်ကိုယ်လုံး ထိခိုက်နွမ်းနယ်မှု လျော့ကျစေဖို့ အလွယ်ထိန်းသိမ်းနည်းတွေကို အကြံပြုပါရစေ။

(၁) သင်္ဘောသီးဖြင့် မျက်နှာပေါင်းတင်နည်း
သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းတွေက အရေပြားကို ညင်ညင်သာသာ ကြေးချွတ်ပေးနိုင်ပါတယ်။ သင်္ဘောသီးနဲ့ ပေါင်းတင်တာကြောင့် ကြေးချွတ်အာနိသင်ရှိကာ အရေပြားကို တင်းရင်းစေပြီး ကြည်လင်လှပစေပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေက သင်္ဘောသီး၊ ရေနွေးငွေ့၊ တဘတ်နဲ့ အစိုဓာတ်ထိန်းခရင်မ်တို့ ဖြစ်ပါတယ်။
ပြုလုပ်နည်း
မျက်နှာကို သေချာဆေးကြောပါ။ သင်္ဘောသီးတစ်ဝက်ကို ကြိတ်ချေပြီး ရေအနည်းငယ်နဲ့ သမအောင်မွှေပါ။ မျက်နှာကို ရေနွေးငွေ့လှုံပြီး ခေါင်းကို တဘတ်နဲ့အုပ်ထားပါ။ ရေနွေးငွေ့ကို အချိန် ၅-၈ မိနစ်ခန့်လှုံပြီး သင်္ဘောသီးအနှစ်ကို လိမ်းလိုက်ပါ။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ပါ။ အချိန် ၁၀ မိနစ်အကြာမှာ ရေနဲ့ ဆေးကြောလိုက်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

(၂) လက်သည်းအလှ ပြုပြင်နည်း
Spa မှာ လက်သည်း၊ ခြေသည်းအလှပြုပြင်သလို အိမ်မှာလည်းပြင်ကြည့်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေက လက်သည်းဖျက်ဆေး၊ လက်သည်းညှပ်၊ တံစဉ်း၊ လက်သည်းအလှဆီ၊ လက်လိမ်းခရင်မ်နဲ့ လက်သည်းဆိုးဆေးတွေ ဖြစ်ပါတယ်။
ပြုလုပ်နည်း
သင့်လက်တွေကို ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ ပြီးရင် သင့်လက်သည်းရှိ လက်သည်းဆိုးဆေး အကြွင်းအကျန်ကို ဖျက်လိုက်ပါ။ အရေပြားဆဲလ်သေတွေကင်းစင်သွားစေဖို့ ကြေးတွန်းကျောက်နဲ့ ကြေးချွတ်သန့်စင်ပါ။ ပြီးရင် လက်ဆေးပြီးခြောက်သွေ့အောင်ထားပါ။ လက်သည်းတွေကို လိုချင်တဲ့ ပုံစံရ အောင်ပုံဖော်လှီးဖြတ်ပါ။ ပြီးရင် ကြက်သီးနွေးရေထဲ စိမ်လိုက်ပါ။ ပြီးမှ လက်သည်းအလှဆီလိမ်းပါ။ နောက်ဆုံးမှာ လက်ကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး သင်ကြိုက်တဲ့ လက်သည်းဆိုးဆေးဆိုးလိုက်ပါ။

(၃) လန်းဆန်းသွားစေမည့် ရနံ့ကုထုံး
ရနံ့ကုထုံးဟာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။ ရနံ့ကုထုံးမှာသုံးတဲ့ မရှိမဖြစ်ဆီတွေက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး တခြားကူးစက်ပိုးတွေကို ကောင်းကောင်း အနာကျက်စေပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေက ပင်လယ်ဆား၊ ဆော်ဒါမှုန့်၊ ဆားခါး (Epsom salt) နဲ့ မရှိမဖြစ်ဆီ (ဗနီလာဆီ၊ ချမိုမိုင်းဆီ စတာတွေ)ဖြစ်ပါတယ်။
ပြုလုပ်နည်း
ရေစိမ်ချိုးမယ့် ကန်ထဲမှာ ပင်လယ်ဆားတစ်ဆ၊ ဆော်ဒါမှုန့်နှစ်ဆနဲ့ ဆားခါးတစ်ဆထည့်ပါ။ ရေကို ထည့်မွှေလိုက်ပြီး သင်အကြိုက်ဆုံးရနံ့ဆီအစက်အနည်းငယ်ထည့်ပေးပါ။ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကြောင့် အပန်းပြေစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top