Healthy Life Ad
Life Style

အလုပ်ချိန်ပြီးတိုင်း အောင်မြင်သူတို့ ပြုလုပ်နေကျ အပြုအမူ ၇ ရပ်

ကိုမိုး
ဘဝက အလုပ်တွေနဲ့ချည်း ပြည့်နှက်နေတယ်ဆိုရင် ဒါက အောင်မြင်တဲ့ဘဝလို့ မဆိုနိုင်ပါဘူး။ အောင်မြင်တဲ့သူတွေဟာ အလုပ်လည်းလုပ်ပြီး စိတ်ဖိစီးမှုကိုလည်း ထိန်းချုပ်နိုင်ကာ မိသားစုအတွက် အချိန်ပေးနိုင်ကြသူတွေပါ။

(၁) အလုပ်ကို ပြန်လည်သုံးသပ်ခြင်း
စိန်ခေါ်မှုများတဲ့ အလုပ်တွေလုပ်နေရလို့ အိမ်မပြန်နိုင်ဘူးဆိုတာ အောင်မြင်တဲ့သူတွေ လုပ်လေ့မရှိပါဘူး။ ညဘက် အိမ်ပြန်ပြီး မိသားစုနဲ့ အချိန်ဖြုန်းလေ့ရှိပါတယ်။ ဒါက နောက်တစ်နေ့တာအတွက် အလုပ်တွင်စေပြီး လန်းဆန်းတက်ကြွတဲ့ စိတ်ခွန်အား ပြန်ရစေတဲ့နည်းလည်း ဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ခြင်း
အောင်မြင်တဲ့သူတွေက ဘယ်လောက် အလုပ်များများ တစ်နေ့နာရီဝက်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ နံနက်စောစော အိပ်ရာထတာနဲ့ ပြေးစက်ပေါ်တက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ အပြုအမူကို လုပ်လေ့ရှိကြပါတယ်။

(၃) ပျော်ရွှင်စရာများ ရှာဖွေခြင်း
အောင်မြင်တဲ့သူတွေက မိသားစုနဲ့ တန်ဖိုးရှိတဲ့ အချိန်ကောင်းတွေကိုအတူ ဖြတ်သန်းလေ့ရှိပါတယ်။ ဒါကအောင်မြင်တဲ့ ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်ကောင်းလို့ ယူဆပြီး ခရီးတိုထွက်တာ၊ ညနေခင်းအပြင်ထွက် လမ်းလျှောက်တာတို့ လုပ်ဆောင်လေ့ ရှိကြပါတယ်။


အောင်မြင်တဲ့သူတွေက အထိမ်းအမှတ်နေ့ရက်တွေမှာ အိမ်ထောင်ဖက်ကို ချိန်းဆိုပြီး အပြင်မှာ အတူညစာစားလေ့ရှိကြပါတယ်။ အိမ်ထောင်ရေးသာ ယာချောမွေ့တာက အောင်မြင်တဲ့ ဘဝကို ပံ့ပိုးပေး နိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။

(၅) မိတ်ဆွေသူငယ်ချင်းများအတွက် အချိန်ပေးခြင်း
လူမှုပေါင်းသင်းဆက်ဆံရေးဟာ ဘဝရဲ့ ပျော်ရွှင်စရာအကောင်းဆုံးအချိန်ကာလတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက် အလုပ်များများ စစ်မှန်တဲ့ မိတ်ဆွေတွေကို အချိန်ပေးလေ့ရှိတယ်လို့ အောင်မြင်တဲ့သူတွေက ဆိုပါတယ်။

(၆) ညအိပ်ရာမဝင်မီ အချိန်ဇယားအတိုင်း လုပ်ဆောင်ခြင်း
ညဘက်မှာ အချိန်ကောင်းတွေပေးပြီး အသုံးချသင့်ပါတယ်။ ကလေးတွေကို အိမ်စာစစ်ပေးတာ၊ ပုံပြင်ပြောပြတာ၊ ရေချိုးတာနဲ့ တီဗီကြည့်တာတို့ကို အချိန်ဇယားအတိုင်း လုပ်ဆောင်တတ်ပါတယ်။ ညဉ့်နက်တဲ့အထိနေပြီး မနက်အလုပ်ချိန်မမီတာမျိုးကို ရှောင်လေ့ရှိတယ်လို့ အောင်မြင်တဲ့သူတွေက ဆိုပါတယ်။

(၇) ကောင်းစွာ အိပ်စက်အနားယူခြင်း
ညတိုင်း ၇ နာရီလောက် အိပ်စက်ချိန်ပေးပါ။ လူအများစုဟာ ညဘက်မှာ လေးနာရီလောက်ပဲ အိပ်စက်ချိန်ပေးလေ့ရှိပါတယ်။ ကောင်းကောင်း အိပ်ရေးဝမှသာ အတွေးအခေါ် ကောင်းကောင်းနဲ့ ဆုံးဖြတ်ချက် ကောင်းကောင်းချမှတ်နိုင်မှာ ဖြစ်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top