Healthy Life Ad
Health Tips

စွမ်းအင်တိုးစေမည့် နည်းလမ်းကောင်းများ

– ကာဗိုဟိုက်ဒရိတ်များပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ ဥပမာ- မုန်လာဥနီ၊ ဂေါ်ဖီစတာတွေနဲ့ ရောကြော်ထားတဲ့ ခေါက်ဆွဲကြော်။

– မကြာခဏ အနားယူပေးပါ။ တရစပ်အလုပ်လုပ်တာထက် ခဏတာ အနားယူလိုက်ရင် အားပြန်ပြည့်လာစေပါတယ်။

– ၁၀ မိနစ်လောက် လမ်းလျှောက်ပေးပါ၊ ခဏတာလမ်းလျှောက်လိုက်ရုံနဲ့ နုံးချည့်ညောင်းညာတဲ့ ခံစားချက်ကို ကျော်လွှားနိုင်ပါတယ်။

– တရားထိုင်ပါ။ စိတ်တည်ငြိမ်ပြီး အလျင်လိုကာ စိတ်မရှည်ဖြစ်တာကို လျော့ပါးစေပါတယ်။

– အဆိုးမြင်တဲ့လူတွေ၊ အဆိုးမြင်တဲ့ သုံးသပ်ချက်တွေကို တတ်နိုင်သမျှလျစ်လျူရှုပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top