Healthy Life Ad
Health Tips

သင့်မျက်နှာပေါ်မှာ အိုမင်းမှုသင်္ကေတ အရေးကြောင်းတွေ မထင်စေဖို့ဆိုရင် . . .

၊ လရိပ်မေ ၊

မျက်နှာပေါ်မှာ အရေးကြောင်းထင်လာမှာကို စိုးရွံ့နေပါသလား။ အသက်ကြီးလာတာကို လူတိုင်းရှောင်လွှဲလို့ မရနိုင်ပေမယ့် အိုမင်းရင့်ရော်မှုကိုတော့ ဟန့်တားလို့ရပါတယ်။ အဲဒီအတွက် အိုမင်းတဲ့သင်္ကေတဖြစ်တဲ့ အရေးကြောင်းတွေကိုနိုင်ဖို့ သတိပြုသင့်တဲ့အချက်တွေကို အကြံပြုလိုက်ပါတယ်။

(၁) ခရမ်းလွန်ရောင်ခြည်
မိုးတွင်းကာလဖြစ်ပေမယ့် ခရမ်းလွန်ရောင်ခြည်က တိမ်တွေထဲကနေထိုးဖောက်ပြီး ကျရောက်တတ်ပါတယ်။ နေခြည်နုနုခံယူရတဲ့ အချိန်ကာလမှာ ဗီတာမင်ဒီရရှိတဲ့ ကောင်းကျိုးရှိပေမယ့် ခရမ်းလွန်ရောင်ခြည်ရတဲ့အခါ အရေးကြောင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် နေပူရှိန်ပြင်းတဲ့အချိန်မှာ အပြင်မထွက်ပါနဲ့။ အပြင်ထွက်ရင် နေကာခရင်မ်ကို မဖြစ်မနေလိမ်းပါ။

(၂) အာဟာရချို့တဲ့ခြင်း
ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့လို ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေက အသားအရေကို ကောင်းကျိုးပြုရုံသာမက ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အာဟာရချို့တဲ့ရင် အရေးကြောင်း ထင်နိုင်ခြေများပါတယ်။

(၃) အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်တဲ့ ညတွေများရင် အသားအရေနွမ်းနယ်ပြီး အရေးကြောင်း ထင်လွယ်စေပါတယ်။ တစ်ညမှာ အနည်းဆုံးရှစ်နာရီအိပ်ချိန်ရှိတာကြောင့် အသားအရေကိုကျန်းမာလှပစေပြီး အရေးကြောင်း ကင်းစင်စေပါတယ်။

Most Popular

Healthy Life Ad
To Top