Healthy Life Ad
Health Tips

သင့်ပတ်ဝန်းကျင်က လူတိုင်းကိုပျော်ရွှင်စေမည့် နည်းလမ်းကောင်းများ

သင်ရှိနေရင် သင့်ဝန်းကျင်က လူတွေ ပျော်ရွှင်ချမ်းမြေ့ရတယ်ဆိုတာမျိုးဖြစ်စေဖို့ သင်လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ဖုန်းသုံးချိန်ကို လျှော့ချပါ
ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်ထိုင်တဲ့အခါ ကော်ဖီတစ်ခွက်ရှေ့ချပြီး လူအများစုက ဖုန်းသုံးနေကြပါတယ်။ သင့်ဘဝ မြင့်မားစေဖို့ နည်းပညာ ပစ္စည်းသုံးသင့်ပါတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ အလွန်အမင်း စွဲလမ်းမနေဘဲ မိတ်ဆွေ သူငယ်ချင်းနဲ့တွေ့တဲ့အခါ သူတို့ကိုပဲ အချိန်ပေးပါ။

ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါ
လူတွေပျော်တယ်ဆိုရင် ပျော်ရွှင်မှုရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တချို့ ဒါမှမဟုတ် လူတချို့ရှိနေတတ်ပါတယ်။ အဲဒီအခါ ကိုယ့်ကို ပျော်ရွှင်စေတဲ့သူ ဒါမှမဟုတ် ပျော်ရွှင်စေတဲ့ အကြောင်းရာကိုကျေးဇူးတင်သင့်ပါတယ်။

မကောင်းသော အရာကို ထွက်သွားခွင့်ပြုလိုက်ပါ
လူတွေ စိတ်ညစ်၊ စိတ်ရှုပ်ရတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီအရာတွေက မကောင်းဘူးဆိုတာကို မကောင်းမှန်းသိပြီး စိတ်ထဲမထားဘဲ ထုတ်ပစ်လိုက်ပါ။

ရိုးရှင်းသော ဘဝကို တည်ဆောက်ပါ
ဘဝမှာ မလိုအပ်တဲ့ အရာတွေ၊ အရေးမပါတဲ့ ကိစ္စတွေနဲ့ အရှုပ်ထွေးမခံပါနဲ့။

အရှုံးကို ပိုက်ပြီး ဆွေးမနေပါနှင့်
ဘဝက မမျှော်မှန်းနိုင်ပါဘူး။ သင့်အစီအစဉ်တွေ မအောင်မြင်တော့ရင် အဲဒါကို လက်ခံလိုက်ပါ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကျွမ်းကျင်သူတွေရဲ့ နည်းပေးလမ်းညွှန်ချက်တွေကို လက်ခံကာနောက်တစ်ဆင့် တက်လှမ်းပါ။

နားထောင်ပြီး နားလည်မှ စကားပြောပါ
တခြားသူတွေနဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါ သူတို့ပြောတာကို အရင်ဆုံး နားထောင်ကြည့်လိုက်ပါ။ ပြီးမှ သင့်ဘက်က တုန့်ပြန်ပြောဆိုပါ။ လူတွေက နားထောင်သူကောင်းတွေနဲ့သာ လက်တွဲချင်ကြပါတယ်။

ပျော်စရာ အတိတ်ကာလနှင့် အချိန်မဖြုန်းသင့်ပါ

အရင်တုန်းက ဘယ်လိုပျော်စရာကောင်းခဲ့တာဆိုတဲ့ အတိတ်ကာလနဲ့ချည်း အချိန်မကုန်ဆုံးသင့်ပါဘူး။ လက်ရှိကာလကို ပျော်ရွှင်အောင် တည်ဆောက်ပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top