Healthy Life Ad
Q & A

ခေါင်းချွေးအထွက်များလို့ စိတ်ညစ်တယ် . . .

မေး။ ။ အခုလို ရာသီဥတု အရမ်းပူတဲ့အချိန်မှာ ချွေးအရမ်းထွက်တတ်ကြပါတယ်ရှင့်။ ဒါပေမဲ့ ကျွန်မက အရမ်းပူလာရင် ခန္ဓာကိုယ်ကပဲ ချွေးအရမ်းမထွက်ဘဲ ခေါင်းချွေးတွေ အရမ်းထွက်ပါတယ်။ မိန်းကလေး တစ်ယောက်လည်းဖြစ်တော့ အရမ်းပူတဲ့အချိန် လူတွေကြားထဲမှာ ခေါင်းချွေးတွေက စီးကျပြီး စိတ်အ ရမ်းညစ်ရပါတယ်။ ခေါင်းလည်း ခဏခဏလျှော်ရပါတယ်။ အဲ့ဒါ ခန္ဓာကိုယ်က ဓာတ်တစ်ခုခု ချို့တဲ့လို့များလား။ ခေါင်းချွေးထွက်တာ ဘာကြောင့်လဲ။ ဘာတွေလုပ်ရင် ပျောက်နိုင်မလဲ သိချင်မိပါတယ်။
Calla Lily (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြောကြားပေးပါသည်။

ဖြေ။ ။ ခေါင်းချွေးထွက်တာဟာ လူတစ်ရာမှာ နှစ်ယောက်လောက်က ဖြစ်တတ်ပါတယ်။ မျိုးဗီဇကြောင့် ဖြစ်နိုင်သလို ဟော်မုန်းအပြောင်းအလဲ၊ တချို့သော အာရုံကြောဆိုင်ရာ ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုနည်းအောင်နေဖို့ အပူအစပ်၊ ကြက်သွန်ဖြူ၊ ဂျင်းစတာတွေ လျှော့စားဖို့ လိုပါတယ်။ ကညွတ်၊ အခွံမာအစေ့အဆန် စတာတွေ ပိုစားပါ။ ဗီတာမင်ဘီ အားဆေး သောက်ကြည့်ပါ။ အသီးအရွက်များများစားပါ။ လက်ရှိ ပုံမှန်သောက်နေကျ ဆေးတွေရှိရင် ဆရာဝန်နဲ့ပြကြည့်ပါ။ တချို့ဆေးတွေက ချွေးပိုထွက်စေတာတွေရှိလို့ပါ။ မနက်စောစော ပုံမှန်လေ့ကျင့်ခန်းလုပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top