Healthy Life Ad
Health Tips

ချွေးအလွန်အမင်းထွက်ခြင်း၏ ပုန်းလျှိုးကွယ်လျှိုးအကြောင်းပြချက်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ရာသီဥတုပူပြင်းတာ၊ လေ့ကျင့်ခန်းအလွန်အမင်းလုပ်တာတွေကြောင့် ချွေးအလွန်အမင်းထွက်တာမဟုတ်ဘဲ တခြားအကြောင်းတွေကြောင့်လည်း ချွေးအလွန်အမင်းထွက်တာ ဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-62828
(၁) လက်ဖဝါး၊ ခြေဖဝါး၊ ချိုင်းတို့တွင် ချွေးထွက်များခြင်း

ချွေးအလွန်အမင်းထွက်တဲ့ အမျိုးအစား ၂ မျိုးရှိပါတယ်။ တစ်ကိုယ်လုံးချွေးထွက်များတာနဲ့ တချို ့အစိတ်အပိုင်း၊ ဥပမာ-လက်ဖဝါး၊ ခြေဖဝါး၊ ချိုင်း(ဂျိုင်း)နဲ့ မျက်နှာတွေမှာ ချွေးထွက်များတာတို့လို နေရာကွက်ပြီး ချွေးထွက်များတာဆိုပြီး နှစ်ပိုင်းရှိပါတယ်။ လက်ဖဝါး၊ ခြေဖဝါးလိုနေရာမျိုးမှာပဲ ချွေးထွက်များတာက အာရုံကြောစနစ် လုပ်ငန်းဆောင်တာ မမှန်တဲ့ရလဒ်ကြောင့် ဖြစ်တတ်ပါတယ်။ ဆေးကုသမှုအနေနဲ့ ဘိုတော့စ်ထိုးခြင်း၊ ဆေးဝါးကုသခြင်းနဲ့ ခွဲစိတ်ကုသခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

alignnone size-medium wp-image-62829
(၂) ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိတာက ချွေးအလွန်အမင်းထွက်တာရဲ ့ တခြားလူမသိသူမသိ အကြောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်အပူချိန်မြင့်တက်ပြီး သွေးလှည့်ပတ်မှု ပိုများလာတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် ခန္ဓာကိုယ်ပိုပူလာပါတယ်။ ဇီဝကမ္မဖြစ်ပျက်မှု မြင့်မားခြင်းနဲ့ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းတွေကလည်း ချွေးအလွန်အမင်းထွက်တဲ့ တခြားအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

alignnone size-medium wp-image-62830
(၃) သိုင်းရွိုက်လှုပ်ရှားမှုများခြင်း
သိုင်းရွိုက်ဂလင်းက အတက်ကြွလွန်ပြီး သိုင်းရွိုက်ဟော်မုန်း T4 နဲ့ T3 တွေကို ပိုထွက်ရှိစေပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်ပျက်မှုကို တိုးစေပြီး ချွေးထွက်များစေတာ၊ နှလုံးခုန်နှုန်းမမှန်တာ၊ ကိုယ်အလေးချိန် အမြန်လျော့ကျတာနဲ့ ခြေတုန်လက်တုန်ဖြစ်တာတို့ ဖြစ်စေနိုင်ပါတယ်။
alignnone size-medium wp-image-62831
(၄) အချို ့အစားအသောက်

တချို ့အစားအသောက်တွေကို စားတာကြောင့် အစာခြေစနစ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေပြီး ချွေးထွက်များစေပါတယ်။ အထူးသဖြင့် ပူစပ်တဲ့ အစားအသောက်၊ ကဖင်းဓာတ်၊ အယ်လ်ကိုဟော စတာတွေကို အလွန်အမင်း စားမိတဲ့အခါတွေမှာပါ။ ကပ်ဆိုက်စင်ပါတဲ့ ဟင်းလျာတွေကို စားရင်လည်း ကိုယ်အပူချိန်မြင့်တက်စေတဲ့အတွက် ချွေးထွက်များစေပါတယ်။

alignnone size-medium wp-image-62832
(၅) ဆေးဝါးများ

ဆေးဝါးတွေရဲ ့ ဘေးထွက်ဆိုးကျိုးကြောင့် လူဦးရေ ၁ ရာခိုင်နှုန်းဟာ ချွေးအလွန်အမင်းထွက်တာကို ဖြစ်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ ဟော်မုန်းကုထုံး စတာတွေက အများအားဖြင့် တချို ့လူတွေမှာ ချွေးထွက်များစေနိုင်ပါတယ်။

alignnone size-medium wp-image-62833
(၆) နှလုံးအမောဖောက်ခြင်း

ချွေးထွက်များတာက နှလုံးအမောဖောက်တဲ့ အစောပိုင်းလက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ ချွေးစေးထွက်တာနဲ့အတူ ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်း၊ ကိုယ်တစ်ခြမ်းမသက်မသာဖြစ်ခြင်းတွေ ခံစားရရင် နှလုံးအမောဖောက်တာ ဖြစ်တတ်လို့ သတိထားဆင်ခြင်သင့်ပါတယ်။

alignnone size-medium wp-image-62834
(၇) ဆီးချိုသွေးချိုရောဂါရှိခြင်း

ဆီးချိုသွေးချိုရောဂါရှိသူတွေက ကျန်းမာတဲ့သူတွေထက် ချွေးပိုထွက်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကျသွားခြင်း၊ ဆီးချိုနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ အာရုံကြောစနစ်ထိခိုက်ခြင်း၊ ခြေလက်ထုံကျဉ်ခြင်း စတာတွေက ချွေးဂလင်းကို မလိုအပ်ဘဲ လှုံ့ဆော်မှုကို ဖြစ်စေလို့ပါ။

alignnone size-medium wp-image-62835
(၈) ဟော်မုန်းအပြောင်းအလဲများခြင်း

ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ အပျိုဖော်/ လူပျိုဖော်ဝင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအတက်အကျဖြစ်ရာက ချွေးအလွန်အမင်း ထွက်စေနိုင်ပါတယ်။ ဒီအခြေအနေတွေက ကိုယ်အပူချိန် မြင့်တက်မှုဖြစ်တာကြောင့် ချွေးထွက်များရတာပါ။

(၉) စိုးရိမ်သောက များလွန်ခြင်း

ချွေးထွက်တာက စိတ်ဖိစီးမှု၊ စိုးရိမ်သောကများချိန်မှာ ခန္ဓာကိုယ်ရဲ ့ သဘာဝတုံ့ပြန်မှုပဲ ဖြစ်ပါတယ်။ စိုးရိမ်သောကများလာချိန်မှာ ကျောက်ကပ်ထက် အရေပြားကနေ ချွေးအများအပြား စတင်ထွက်လာပါတယ်။

Most Popular

Healthy Life Ad
To Top