Healthy Life Ad
Health Tips

ချိုင်းကြားကချွေးကွက်

ချိုင်းချွေးထွက်နှုန်းများတဲ့အခါ အလွန်ရိုးစင်းတဲ့ ဖြေရှင်းနည်းတစ်ခုက ချိုင်းလိမ်းတောင့် (Anti-perspirant)လိမ်းတာပဲ ဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ဒီနေ့ခေတ်မှာပေါ်တဲ့ ချိုင်းလိမ်းတောင့်အများစုက ဓာတုပစ္စည်း ပါဝင်တတ်တာကြောင့် ကိုယ်သုံးမယ့် အမျိုးအစားဆိုရင် ပါဝင်ပစ္စည်းတွေကို သေချာကြည့်သင့်ပါတယ်။ အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတချို့က အရေပြားကနေစုပ်ယူပြီး သွေးကြောထဲကို ရောက်ရှိနိုင်လို့ပါပဲ။ ချိုင်းချွေးထွက်များရင် ဆော်ဒါမှုန့်လိမ်းတာနဲ့ ပူစပ်လွန်းတဲ့ အစားအသောက်တွေ ရှောင်ကြဉ်တာတို့ကို လိုက်နာသင့်ပါတယ်။

သဘာဝဆေး (၁) ပန်းသီးရှလကာရည်

ချိုင်းချွေးထွက်များပြီး အနံ့ဆိုးထွက်နေရင် ပန်းသီးရှလကာရည် သုံးနိုင်ပါတယ်။ ပန်းသီးရှလကာရည်မှာ ချွေးပေါက်ကျဉ်းစေတဲ့ အစွမ်းရှိပြီး အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ပန်းသီးရှလကာရည်ကို ရေဆတူရောကာ ဝါဂွမ်းစနဲ့ဆွတ်ပြီး ချိုင်းနေရာမှာ ပွတ်လိမ်းသင့်ပါတယ်။ အချိန်နှစ်မိနစ်ကြာ ထားပြီးမှ ရေနဲ့ဆေးကြောပေးရမှာပါ။

သဘာဝဆေး (၂) ရေနွေးကြမ်း

ရေနွေးကြမ်းကို အအေးခံကာ အနံ့ဆိုးထွက်ပြီး ချွေးထွက်များတဲ့ ချိုင်းနေရာမှာ ဝါဂွမ်းစနဲ့ ပွတ်လိမ်းပေးပါ။ ပြီးရင် ခြောက်သွေ့တဲ့ပဝါနဲ့ ပြန်ပွတ်ပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top