Healthy Life Ad
Life Style

ချွေးပေါက်ကျယ်ခြင်း

———၊ လရိပ်မေ ၊———

တစ်နေ့တာအတွင်း မဖြစ်မနေလုပ်ရမယ့် အရာထဲမှာ အသားအရေကို ဂရုစိုက်ပေးဖို့ လိုအပ်နေပါတယ်။ ချွေးပေါက်ကျယ်နေရင် အသားအရေမှာ အပြစ်အနာအဆာထင်တာနဲ့ အဖုအပိမ့်ပေါက်တာတို့ ဖြစ်တတ်ပါတယ်။ ချွေးပေါက်ကျယ်နေရင် အညစ်အကြေး၊ ဖုန်မှုန့်၊ ဆီနဲ့ ချွေးတွေ အလွယ်တကူ ကပ်ငြိနိုင်ပြီး နှာခေါင်း၊ ပါးနဲ့ နဖူးတွေမှာ အမည်းဆံလေးတွေ တွေ့ရနိုင်ပါတယ်။ အဲဒီလိုချွေးပေါက်ကျယ်နေရင် ချွေးပေါက်ကျဉ်းစေဖို့ အောက်ပါအိမ်တွင်းကုထုံးကို လိုက်နာသင့်ပါတယ်။

သဘာဝဆေး (၁) ပန်းသီးရှလကာရည်

ချွေးပေါက်ကျဉ်းစေဖို့ ပန်းသီးရှလကာရည်ကို သုံးသင့်ပါတယ်။ ဒီရှလကာရည်ကို တိုနာအဖြစ်သုံးရင် အသားအရေကို သန့်စင်စေပါတယ်။ ပုံမှန်သုံးပေးတာကြောင့် ချွေးပေါက်ကျဉ်းစေနိုင်ပါတယ်။ ပန်းသီးရှလကာရည်ကို ရေနဲ့ရောမွှေပြီး ဂွမ်းစနှစ်ကာ မျက်နှာပေါ် ညင်ညင်သာသာ သုတ်ပေးပါ။

သဘာဝဆေး (၂) ပျားရည်နှင့် သံပရာသီး

ချွေးပေါက်ကျဉ်းစေဖို့ ပျားရည်နဲ့ သံပရာသီး ရောနှောထားတဲ့ အရည်ကို လိမ်းပေးပါ။ သံပရာသီးတစ်လုံးကို အရည်ညှစ်ပြီး ပျားရည်နဲ့ ရောမွှေပါ။ ပြီးရင် မျက်နှာပေါ်သုတ်လိမ်းကာ မိနစ် ၂၀ ခန့်ထားကာ ရေနဲ့ဆေးချလိုက်ပါ။

သဘာဝဆေး (၃) ဆော်ဒါမှုန့်

ဆော်ဒါမှုန့်မှာ ရောင်ရမ်းမှုကျစေတဲ့အစွမ်း၊ ဘက်တီးရီးယားကင်းစေတဲ့ အစွမ်းရှိတာကြောင့် အသားအရေအတွက် ကောင်းမွန်ပါတယ်။ ဆော်ဒါမှုန့် ထမင်းစားဇွန်း ၂ ဇွန်းနဲ့ ရေထမင်းစားဇွန်းနစ်ဇွန်းကို ရောမွှေပြီး စေးပျစ်အောင်လုပ်ကာ မျက်နှာပေါ်စက်ဝိုင်းပုံအတိုင်း သုတ်လိမ်းပေးပါ။ ပြီးမှ ရေနဲ့ဆေးချလိုက်ပါ။

သဘာဝဆေး (၄) ရေခဲ

ချွေးပေါက်ကျဉ်းစေဖို့ အမြန်သုံးလို့ရတဲ့နည်းတစ်ခုက ရေခဲတုံးပါ။ ရေခဲတုံးနဲ့မပွတ်ခင် မျက်နှာအရင်သစ်ပါ။ ချွေးပေါက်ကျဉ်းစေပါတယ်။

သဘာဝဆေး (၅) ငှက်ပျောသီး

ငှက်ပျောသီးမှာလည်း ချွေးပေါက်ကျဉ်းစေတဲ့ အစွမ်းရှိပါတယ်။ ငှက်ပျောသီးမှာ လူတင်ဓာတ်ပါတာကြောင့် မျက်နှာအရေပြားပေါ် ငှက်ပျောခွံအတွင်းသား ပွတ်လိမ်းပေးပါ။ အချိန် ၁၀-၁၅ မိနစ်ကြာမှ ရေနဲ့ဆေးချလိုက်ရင် အသားအရေကြည်လင်ဝင်းပစေပါတယ်။

Most Popular

Healthy Life Ad
To Top