Healthy Life Ad
Health Tips

မျက်နှာအသားအရေ တင်းရင်းလှပစေမည့် ယောဂကျင့်စဉ်

သဒ္ဒါထက်
မနက် ဒါမှမဟုတ် ညဘက်တွေမှာ မျက်နှာကို အာရုံစိုက်ပြီး အချိန် ၁၅ မိနစ်လောက် ယောဂကျင့်ပေးပါ။ ဒါဆိုရင် မျက်နှာကို နှိပ်နယ်ပေးသလို ဖြစ်စေတဲ့အတွက် သားနံရည်စီးဆင်းမှုကို အားကောင်းစေပြီး အရေပြားထဲက အဆိပ်အတောက်တွေကို ထွက်ရှိစေကာ မျက်ကွင်းညိုတာနဲ့ မျက်နှာအသားအရေ ဖောင်းအစ်တာတို့ကို သက်သာစေပါတယ်။

မေးရိုးနှင့် နားရွက်ဆက်သွယ်ပေးသည့် ကြွက်သားအတွက် ယောဂကျင့်စဉ်
ဒီကျင့်စဉ်ကို ဘတ်စကားမှတ်တိုင်မှာ စောင့်ဆိုင်းနေချိန်နဲ့ ယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ လုပ်ဆောင်ပေးနိုင်ပါတယ်။ မေးရိုးနဲ့ နားရွက်ကို ဆက်သွယ်ထားတဲ့ ကြွက်သားတွေကို သန်စွမ်းတင်းရင်းစေပါတယ်။ ပါးပြင်နှစ်ဖက်ကို လေစုသွင်းပြီး အသက်ရှူမဝတာဖြစ်တဲ့အထိ ပါးပြင်ထဲက လေတွေကို မှုတ်ထုတ်ပေးပါ။

မျက်နှာအရေးကြောင်း ကင်းစင်စေမည့် ယောဂကျင့်စဉ်
နှုတ်ခမ်းတွေ သန်စွမ်းတင်းရင်းပြီး မျက်နှာချောမွေ့တင်းရင်းစေဖို့အတွက် နမ်းရှုံ့သလို အမူအရာကို ငါးကြိမ်လောက် လုပ်ဆောင်ပေးပါ။

မျက်ဝန်းတစ်ဝိုက် အရေးကြောင်း ကင်းစင်စေမည့် ယောဂကျင့်စဉ်
အင်္ဂလိပ်အက္ခရာ V ပုံစံလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ မျက်လုံးပြူးပြီး မျက်ဝန်းတစ်ဝိုက် အရေးကြောင်းတွေ ကင်းစင်စေတဲ့ နည်းဖြစ်ပါတယ်။ မျက်ခုံးနှစ်ခုကြားထဲ လက်နှစ်ဖက်က လက်ခလယ်နှစ်ချောင်းကို ထည့်ပြီး မျက်ဝန်းထောင့်မှာ လက်ညှိုးထားရှိပါ။ အဲဒီအနေအထားမှာ အောက်မျက်ခမ်းတွေကို စတင်ရွေ့လျားပေးရမှာ ဖြစ်ပါတယ်။ မျက်စောင်းထိုးသလို လုပ်ပေးပါ။ ပြီးရင် အနားယူပေးပါ။ ဒီနည်းကို ခြောက်ကြိမ်လောက် ထပ်ခါထပ်ခါ လုပ်ပေးပါ။ နောက်ဆုံးမှာ မျက်စိကို အချိန် ၁၀ စက္ကန့်ကြာမှိတ်ကာ အနားယူလိုက်ပါ။

နှုတ်ခမ်းတစ်ဝိုက် အရေးကြောင်းကင်းစင်စေမည့် ယောဂကျင့်စဉ်
သွားတွေကို နှုတ်ခမ်း တွေနဲ့ ဖုံးထားပြီး ပါးစပ်ကို အင်္ဂလိပ်အက္ခရာ “O” ပုံစံ ဝိုင်းလိုက်ပါ။ ပြီးရင် သွားတွေကို ဖုံးထားရင်း ပါး စပ်ဟပြီး ပြုံးလိုက်ပါ။ ခြောက်ကြိမ်တိုင် ထပ်ခါထပ်ခါလုပ်ဆောင်ပေးပါ။ ပြီးရင် ပြုံးတဲ့ အနေအထားအတိုင်း လက်ညှိုးကို မေးစေ့ပေါ်တင်ပြီး ခေါင်းမော့ရင်း မေးစေ့ကိုအထက်အောက် ရွေ့လျားပေးပါ။ အနားယူပြီး နှစ်ကြိမ်ထပ်လုပ်ပါ။

လည်ပင်းတင်းရင်းလှပစေမည့် ယောဂကျင့်စဉ်
မော့ကြည့်ကာ လက်ချောင်းထပ်တွေကို လည်ပင်းပေါ်တင်ပြီး အရေပြားကို အောက်ဘက်ဆွဲချပေး ပါ။ ခေါင်းကို နောက်ဖက်မော့ထားပေးပါ။ နှစ်ကြိမ်ထပ်လုပ်ပါ။ အဲဒီနောက် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လေးကြိမ် လုပ်ပေးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top