Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်မိခင်တို့ ဘာသောက်သင့်သလဲ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင်က ကိုယ်ဝန်ဆောင်နေပြီဆိုရင် သင့်ကျန်းမာရေးအတွက်သာမက သင့်ဗိုက်ထဲက သန္ဓေသားရဲ့ ကျန်းမာရေးအတွက်ပါ ဂရုစိုက်ရပါတော့မယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆော်ဒါအချိုရည်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ရေငတ်ပြေစေရုံသာမက ခန္ဓာကိုယ်ကို အားပြည့်စေတဲ့ အရည်တွေကို ရွေးချယ် သောက်သုံးသင့်ပါတယ်။

– ရေ

ကိုယ်ဝန်ဆောင်ချိန်မှာ ရေကို အလုံအလောက် သောက်သင့်ပါတယ်။ တစ်နေ့မှာ ရေ ၈/၁၂ ဖန်ခွက်လောက် သောက်သုံးတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ရေများများ သောက်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်တာကို ကင်းစင်စေပါတယ်။

– ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး စိမ်ထားသည့် ရေ

ရေချည်း မသောက်ချင်ရင် ပန်းသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီးစတဲ့ သင်နှစ်သက်တဲ့ သစ်သီးတွေကို စိတ်ပြီး ရေထဲထည့်ကာ သောက်ပေးပါ။

– ဟင်းရွက်ဖျော်ရည်

အမျှင်ဓာတ် ပါဝင်မှုများတဲ့ ဟင်းရွက်ဖျော်ရည်ကို သောက်တာကြောင့် နှလုံးနဲ့ အူကို ကျန်းမာစေပါတယ်။ မြင်းခွာရွက်လို ဟင်းရွက်ဖျော်ရည်သောက်သုံးတဲ့အတွက် သွေးတိုးကျစေပြီး ဝမ်းချုပ်တာကို ကင်းစင်စေပါတယ်။

– သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်ကို သကြားအများကြီး မထည့်ဘဲ အိမ်မှာ ဖျော်သောက်ပါ။ ဒါဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်။

– အုန်းရေ

အုန်းရေသောက်တာကြောင့် ဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ဆားဓာတ်ကို ရရှိစေပါတယ်။ သွေးထုထည် ကောင်းစေပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။

– နွားနို့

ကိုယ်ဝန်ဆောင်ချိန်မှာပရိုတင်းဓာတ်၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် B12တို့ လိုအပ်ပါတယ်။ အဲဒီအာ ဟာရဓာတ်တွေ အကောင်းဆုံး ရနိုင်ဖို့ နွားနို့သောက်ပေးပါ။

– သံပရာရည်၊ ရှောက်ရည်

သံပရာရည်၊ ရှောက်ရည်တွေမှာပါဝင်တဲ့ ဗီတာမင်စီဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။

– ရေနွေးကြမ်း

ပျို့ချင်အန်ချင်တဲ့ ဝေဒနာ ခံစားနေရရင် ရေနွေးကြမ်းကို အအေးခံပြီး သောက်ကြည့်ပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top