Healthy Life Ad
Health Tips

ကိုယ်ဝန်ရရှိစေရန် ကူညီပံ့ပိုးပေးနိုင်သည့် အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ရရှိအောင် ကြိုးစားနေတဲ့ သင့်အတွက် သင်စားနေကျ အစားအသောက်တွေက သင်ရဲ့မျိုးအောင်နိုင်စွမ်းကို သက်ရောက်မှုရှိပြီး မြန်မြန်ကိုယ်ဝန်ရရှိစေပါတယ်။

(၁) ကြက်ရိုးစွပ်ပြုတ်
ကြက်ရိုးစွပ်ပြုတ်ဟာ သင့်ကိုမြန်မြန် ကိုယ်ဝန်ရရှိအောင် ကူညီပေးပါတယ်။ ကြက်ရိုးစွပ်ပြုတ်ထဲ ရှလကာရည်အနည်းငယ် ထည့်သောက်ရင် ကြက်ရိုးထဲက အာဟာရဓာတ်တွေကို ပိုမိုရရှိစေပါတယ်။

(၂) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ကိုယ်ဝန်ရရှိအောင်ကြိုးပမ်းနေချိန်မှာ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။

(၃) ဆိတ်သား၊ အမဲသား
ကိုယ်ဝန်ရရှိဖို့ ကြိုးစားနေချိန်မှာ ဆိတ်သား၊ အမဲသားတွေကို အသင့်အတင့် စားပေးပါ။

(၄) ဒိန်ချဉ်
ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက အူလမ်းကြောင်းထဲက ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(၅) ရေနွေးကြမ်း
ရေနွေးကြမ်းသောက်တာကြောင့် အင်တီအောက်ဆီးဒင့်ရရှိပြီး ကိုယ်တွင်းစနစ်ကို ပိုသန်စွမ်းစေပါတယ်။

(၆) ငါးအဆီ
ငါးအဆီထဲမှာ အိုမီဂါ၃ဖက်တီးအက်ဆစ် ပါဝင်မှုမြင့်မားတဲ့အတွက် ကိုယ်ဝန်ရရှိအောင် ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေ စားသင့်ပါတယ်။
(Ref;SN)

Most Popular

Healthy Life Ad
To Top