Healthy Life Ad
Q & A

အစာအိမ်ဝေဒနာ အဖြေရှာ . . .

မေး။ ။ အခုတလော အစာအိမ်ကအချဉ်ရည်တွေတက်ပြီး ရင်ဝအထိရောက်လာရင် ရင်ဘတ်က ဆွဲထားသလိုကြီးပဲ တော်တော်ခံရခက်ပါတယ်။အစာစားရင်လည်း အတော်ကို ခံရခက်ပါတယ်။ ရင်ဘတ်က ဆုတ်ဆွဲထားသလိုကြီး။ ပြီးရင်အစာစားချိန် နောက်ကျတာနဲ့ကြို့ထိုးရော။ ပန်းရောင်သောက် ကြည့်တာနည်းနည်းတော့သက်သာပါတယ်။ ဒါပေမဲ့ အရှင်းကြီးမပျောက်ဘူး။ ဆေးတစ်ကတ်တော့ ကုန်ပြီ။ ဒီနေ့ဆေးခန်းသွားပြမယ်ဆိုမှ ပြနေကျဆေးခန်းက ပိတ်ထားလို့ပြန်လာခဲ့ရတယ်။ ဘယ်လိုရောဂါမျိုး နဲ့ပတ်သက်နေမလဲဆိုတာ အရမ်းသိချင်နေတာမို့ ပြန်ဖြေပေးစေချင်ပါတယ်။

မြတ်နိုးအေး (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ စာထဲမှာ ပါတဲ့အတိုင်းဆိုရင် မကြာမကြာ ဖြစ်နေတယ်လို့ ယူဆရပါတယ်။ အစာအိမ်ဆေးတွေ သောက်ပေမယ့် ခဏပဲသက်သာတဲ့ သဘောလို့ ထင်ပါတယ်။ အစာအိမ်ရောင်တာ၊ အစာအိမ် အက်ဆစ်လိုတာထက် ပိုထွက်နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ H pylori အမည်ရှိတဲ့ ပိုးကြောင့် အစာအိမ်မကြာခဏ ရောင်တာလည်း ဖြစ်ဖို့များပါတယ်။ ပိုးကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ရင် ကောင်းသွားမှာပါ။ တခြားအကြောင်းရင်းတွေလည်း ရှိသေးတာကြောင့် ဆေးခန်းပြပါ။ ဆေးကို သေသေချာချာ သောက်ပါ။ အစာစားချိန် အတတ်နိုင်ဆုံး မှန်ဖို့၊ ပူလွန်း/စပ်လွန်းတာတွေ လျှော့စားဖို့၊ ဆေးလိပ် မသောက်ဖို့၊ စိတ်သောကနည်းအောင် နေပေးဖို့လည်း လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top