Healthy Life Ad
Q & A

တိရစ္ဆာန်အသည်းအမြစ် စားသင့်၊ မသင့် . . .

မေး. တိရစ္ဆာန်အသည်းအမြစ်တွေမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်ပါသလဲ၊ အဲဒါတွေကို ဘယ်လို အခြေအနေမှာ မစားသင့်ဘူးလဲ။ စားရင် ဘယ်လောက်အတိုင်းအတာအထိ စားနိုင်ပါသလဲ ဆရာမ။
မသင်းနွယ်၊ ကျောက်ဆည်မြို့။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. တိရစ္ဆာန်အသည်းအမြစ်ဆိုတာ ကလီစာတွေပါပဲ။ ကလီစာတွေမှာ အသည်းဆိုရင် ဗီတာမင်အေ အများကြီးပါတယ်၊ သံဓာတ် ပါဝင်မှုများတယ်၊ သံဓာတ်ချို့တဲ့ပြီး လိုအပ်နေတဲ့သူတွေမှာဆိုရင် ဆရာမတို့က ကြက်သည်း တစ်နေ့ကို နှစ်တွဲအထိတောင် ကျွေးပါတယ်။ ဒါပေမဲ့ ယူရစ်အက်ဆစ်များတဲ့သူ၊ ဂေါက်အဆစ်ရောင်နာ (Gout) ရောဂါရှိတဲ့သူတွေမှာဆိုရင် လုံးဝမစားသင့်ပါဘူး။

ဝက်သည်း၊ ကြက်သည်း စတဲ့ ကလီစာတွေမှာ ပိုးတွေပါတတ်လို့ စားမယ်ဆိုရင် အပူချိန် ၁၀ဝ ဒီဂရီ စင်တီဂရိတ်မှာပေးပြီး သေချာကျက်တဲ့အထိ ချက်ပြုတ်စားရပါမယ်။ မကျက်တကျက် ချက်စားတာမျိုး ရှောင်ရပါမယ်။ ဟေမိုဂလိုဘင်နည်းနေတယ်ဆိုရင်၊ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေတယ်ဆိုရင် ကြက်သည်း နှစ်ခုလောက် (အမြစ်မပါ) ငါးရက်ဆက်တိုက်တောင် ဆရာမတို့ကကျွေးပါတယ်။ ကင်ဆာလူနာတွေ အာဟာရပြတ်နေတယ် ဆိုရင် တစ်ရက်ကို ကြက်သည်း နှစ်ခုနှုန်းနဲ့ ၁၀ ရက်လောက်အထိ နှာခေါင်းပိုက်ထဲ ထည့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top