Healthy Life Ad
Health Tips

သီချင်းနားထောင်တာကြောင့် စိတ်ခံစားမှုကို ဘယ်လိုကောင်းစေသလဲ

သီချင်းနားထောင်ခြင်းနဲ့ စိတ်နေစိတ်ထားတို့ဟာ ဆက်စပ်နေပါတယ်။ သီချင်းနားထောင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာမှာ အဓိကဆက်နွယ်မှု သုံးချက်ရှိပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

၁။ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေဖို့ ထောက်ပံ့ပေးပါတယ်။
(ဥပမာ – သီချင်းနားထောင်ရင်း အိမ်အလုပ်တွေလုပ်တဲ့အခါ မပင်ပန်းဘဲ သက်သောင့်သက်သာနဲ့ ပြီးသွားတာမျိုးပါ)

၂။ လေ့လာသိရှိချင်တဲ့ အတွေးတွေ တိုးပွားလာအောင် ထောက်ပံ့ပေးပါတယ်။
(ဥပမာ – တစ်ခါတလေ နားထောင်နေတဲ့ သီချင်းစာသားတွေဟာ လက်တွေ့မှာဆို ဘယ်လိုဖြစ်နိုင်မလဲဆိုပြီး သိချင်စိတ်ဖြစ်လာတာမျိုးပါ)

၃။ စိတ်ထဲမှာ ဖြစ်ချင်တဲ့ ခံစားချက်တွေကို ပိုမိုနိုးကြွလာအောင် ထောက်ပံ့ပေးပါတယ်။
( ဥပမာ – ပါတီပွဲမှာ သီချင်းမြူးမြူးတွေ ဖွင့်ရင် ပိုပြီးပျော်ရွှင်လာတာ၊ ဝမ်းနည်းစရာကြုံတဲ့အခါမှာ ကြေကွဲစရာ သီချင်းတွေနားထောင်ရင် ပိုဝမ်းနည်းလာတာမျိုးပါ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top