ဆရာဝန်ထံသို့ စိတ်ကျန်းမာရေးဝေဒနာရှင်တစ်ဦး ရောက်လာတယ်။
“ဘာတွေ ခံစားရသလဲ ပြောပါဦး”
“ဘာမှ စားလို့မရဘူး ဆရာ”
“စားချင်စိတ်မရှိတာလား”
“မဟုတ်ဘူး ဆရာ၊ စားလို့မရတာပါ”
“ဘာကြောင့်လဲ၊ သွားကိုက်လို့လား၊ အစာမျိုလို့ မရတာလား၊ ဗိုက်အောင့်တာလား”
“မဟုတ်ပါဘူး ဆရာ . . ဝယ်စားစရာ ပိုက်ဆံမရှိလို့ပါ”
