Healthy Life Ad
Health Tips

နံနက်စာစားတိုင်း သင်သိထားသင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့တာကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာနဲ့စတင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သင်က ကိုယ်အလေးချိန်ကိုထိန်းဖို့ ကြိုးစားနေတယ်ဆိုရင် နံနက်စာ ကောင်းကောင်းစားတာက ပိုအဆင်ပြေပါတယ်။

ဆောင်ရန်

– နံနက်စာစားခြင်း၏ ကောင်းကျိုးကို သိနားလည်ပါ
နံနက်စာစားရင် နေ့လယ်စာ စားခါနီးမှာ သရေစာ စားဖြစ်နိုင်ခြေနည်းသွားပါတယ်။ နံနက်စာ စားတာကြောင့် အဆင်သင့်အစာတွေကို စားဖြစ်ဖို့ တတ်နိုင်သမျှ လျော့ကျသွားပါတယ်။

– ပရိုတင်းဓာတ် ထည့်စားပါ
ကြက်ဥအကာ၊ ဘဲဥအကာ၊ အဆီနည်း အသား၊ ဒိန်ချဉ်နဲ့ပဲအမျိုးမျိုး စတဲ့ အစာတွေမှာ ပရိုတင်းဓာတ်ပါဝင် တာကြောင့် ဗိုက်ပြည့်စေပြီး ကြာကြာစိတ်ကျေနပ်မှု ရရှိစေပါတယ်။ ပရိုတင်းဓာတ်ဟာ ကြွက်သားတွေကို သန်စွမ်းတင်းရင်းစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

– ကောက်နှံတစ်ခုလုံးစာကို ရွေးချယ်ပါ
ကောက်နှံတစ်ခုလုံးအစာတွေဖြစ်တဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ စတာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကြာကြာဗိုက်ပြည့်နေစေပါတယ်။

– အင်တီအောက်ဆီးဒင့် ပါဝင်သည့် သစ်သီးများစားပါ
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ စပျစ်သီး စတဲ့အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ သစ်သီးတွေကို နံနက်စာအဖြစ်စားပေးတာကြောင့် ကျန်းမာရေးကောင်းကျိုး ရရှိစေပါတယ်။

ရှောင်ရန်

– နံနက်စာကို ကိုယ်အလေးချိန် လျော့ကျရေး မရည်ရွယ်ပါနှင့်
နံနက်စာစားရင် ကိုယ်အလေးချိန် ကျမယ်ဆိုပြီး အများကြီးစားရမှာ မဟုတ်ပါဘူး။ နံနက်စာစားပြီး ကယ်လိုရီရယူတာကြောင့် နေ့လယ်စာနဲ့ ညစာတွေမှာ ကယ်လိုရီအများအပြား မစားဖြစ်စေတော့ပါဘူး။

– နံနက်စာကို သကြားများများ မစားပါနှင့်
နံနက်စာမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်သင့်တာမှန်ပေမယ့် သကြားများများပါရင် စားပြီး မကြာခင် ဗိုက်ဆာနေပါလိမ့်မယ်။

– ကော်ဖီများများ မသောက်ပါနှင့်
သကြား၊ နို့ဆီ၊ နို့မှုန့် စတာတွေနဲ့ ဖျော်ထားတဲ့ ကော်ဖီကို နံနက်စာအဖြစ် အသင့်အတင့်ပဲ သောက်သင့်ပါတယ်။

– နံနက်စာမစားဘဲ မနေသင့်ပါ
နံနက်စာ မစားဘဲနေတာကြောင့် တစ်နေ့လုံး နွမ်းနယ်နေစေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ထိန်းဖို့ ကြိုးစားနေရင် နံနက်စာမစားဘဲ နေတာကြောင့် နေ့လယ်စာနဲ့ ညစာကို ပိုစားမိသွားပါလိမ့်မယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top