Healthy Life Ad
Health Tips

အလှအပအတွက် သဘာဝနည်းများ

– သွားဖြူစင်တောက်ပစေရန်အတွက်

စတော်ဘယ်ရီမှည့်တစ်လုံးနဲ့ ဆော်ဒါမှုန့် ထမင်းစားဇွန်းတစ်ဝက်ကို ရောမွှေပြီး သွားတွေ ပေါ်သုတ်လိမ်းပေးပါ။ အချိန်ငါးမိနစ်ကြာမှ ပလုတ်ကျင်းပြီး သွားတိုက်ပေးရမှာဖြစ်ပါတယ်။

– အရေးကြောင်း လျော့ပါးစေရန်အတွက်

Almond သစ်စေ့ငါးစေ့ကို နွားနို့ထဲ စိမ်ပြီး တစ်ညလောက်ထားပါ။ ပြီးရင် Almond သစ်စေ့ကို ထောင်းကာနွားနို့နဲ့ စေးပျစ်တဲ့ အနှစ် ရအောင်မွှေပါ။ ပြီးရင် ပျားရည် ထမင်းစားဇွန်းနှစ်ဇွန်းထည့်ကာ မျက်နှာပေါ်သုတ်လိမ်းပေးပါ။ အချိန် ၂၀ မိနစ်ကြာ ထားပြီးမှ ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ၂-၃ ကြိမ် ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

– ချွေးပေါက်ကျဉ်းစေရန်အတွက်

ကြက်ဥအကာ/ဘဲဥအကာကို ကော်မှုန့် တစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာပေါ်သုတ်လိမ်းပါ။ မိနစ် ၂၀ကြာတဲ့အထိ လုံးဝခြောက်သွေ့သွားအောင်ထားလိုက်ပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။ တစ်ပတ်မှာ ၁-၂ ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top