Healthy Life Ad
Q & A

တစ်နေ့တာ လိုအပ်သောအချဉ်ဓာတ်

မေး. လူတစ်ယောက်အတွက် တစ်နေ့တာစားသောက်တဲ့အထဲမှာ အချဉ်ဓာတ်ဘယ်လောက်လိုအပ်ပါသလဲ။ ဘယ်လိုအချဉ်မျိုး စားသင့်ပါသလဲ။
ကိုလင်း၊ နေပြည်တော်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အချဉ်ဓာတ်ဆိုရင် အဓိကကတော့ ဗီတာမင်စီကိုပဲပြောပါမယ်။ အရွယ်ရောက်သူတွေအတွက် ဗီတာမင်စီက တစ်ရက်ကို ၁၀ဝ မီလီဂရမ်ပဲ လိုအပ်တာပါ။ ကလေးကနေ လူကြီးအထိ ၇၅ မီလီဂရမ်ကနေ ၁၀ဝ မီလီဂရမ်အထိပဲ အလွန်ဆုံးလိုအပ်တာပါ။ အဲဒီအတွက် လူတစ်ယောက်က သံပရာရည် တစ်ခွက်သောက်ရုံ ဒါမှမဟုတ် ဆီးဖြူသီး (ဇီးဖြူသီး) တစ်လုံးစားရုံ ဒါမှမဟုတ် ကင်ပွန်းချဉ်ဟင်းရည် တစ်ခွက်သောက်ရုံနဲ့တောင် လုံလောက်ပါတယ်။

တချို့က ဗီတာမင်စီဆေးပြားတွေ သောက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံဓာတ်စုပ်ယူမှု အားကောင်းစေချင်လို့ ဆရာဝန်တွေက တိုက်ကြတာပါ။ ပြီးတော့ ပဋိဇီဝပိုးသတ်ဆေး (Antibiotic)ရဲ့ အာနိသင်ကို ပိုပြီး ကောင်းစေချင်တာကြောင့် ဗီတာမင်စီဆေးပြားတွေ တိုက်ကြတာဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် ဗီတာမင်စီဆေးပြားကို မသောက်သင့်ပါဘူး။ တချို့လူတွေဆိုရင် ဗီတာမင်စီဆေးပြား ၁၀ဝ၀ မီလီဂရမ်တွေ သောက်ကြတယ်၊ အဲဒီလိုတော့ မသောက်သင့်ပါဘူး။ လူတိုင်းမဟုတ်ပေမယ့် တချို့လူတွေက ဆီးကျောက်ဖြစ် လွယ်ပါတယ်။ အဲဒီလိုလူတွေမှာ ဗီတာမင်စီဆေးပြားတွေသောက်ပြီး ဆီးကျောက်တည်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲဒီလိုမသောက်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top