Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်က ဗီတာမင်စီချို ့တဲ့ကြောင်း ပြသနေသည့် အစောပိုင်းလက္ခဏာ ၁၀ ရပ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဗီတာမင်စီက သင့်ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ခန္ဓာကိုယ်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်စီချို ့တဲ့ရင် ဘဝအရည်အသွေးလျော့ကျစေပြီး တချို ့ရောဂါလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလက္ခဏာတွေကို သိသွားပြီဆိုရင် တစ်နေ့တာစားသောက်တဲ့ အစားအသောက်တွေထဲမှာ ဗီတာမင်စီအလုံအလောက် ထည့်စားပေးသင့်ပါတယ်။

alignnone size-medium wp-image-62231
(၁) သင့်သွားဖုံးတွေ ရောင်ရမ်းပြီး သွေးထွက်နိုင်ပါတယ်

ဗီတာမင်စီက သွားဖုံးကျန်းမာရေးအတွက် အခြေခံကျတဲ့အရာပါ။ တစ်နေ့တာအတွက် သင့်တော်တဲ့ ဗီတာမင်စီပမာဏမရရင် သွားဖုံးရောင်တာကို ဖြစ်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်နေပေမယ့် သွားဖုံးရောင်ရမ်းတယ်၊ သွေးထွက်တယ်ဆိုရင် ဗီတာမင်စီကို ပိုမိုမှီဝဲပေးသင့်ပါတယ်။ အရွယ်ရောက်အမျိုးသမီးတွေအတွက် တစ်နေ့မှာ ဗီတာမင်စီ ၇၅ မီလီဂရမ်ဝန်းကျင်၊ အရွယ်ရောက်အမျိုးသားတွေအတွက် တစ်နေ့မှာ ဗီတာမင်စီ ၉၀ မီလီဂရမ်လောက် မှီဝဲသင့်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ (တကယ်လို့ သင်က ဆေးလိပ်သောက်ရင် ၃၅ မီလီဂရမ် ပိုမှီဝဲပေးသင့်ပါတယ်)

alignnone size-medium wp-image-62232
(၂) ပွန်းပဲ့ရာဖြစ်လွယ်ပြီး အနာကျက်ခဲတယ်

သင့်အရေပြားက ပွန်းပဲ့လွယ်ပြီး အနာကျက်ခဲတယ်ဆိုရင် သင့်ကိုယ်တွင်းစနစ်မှာ ဗီတာမင်စီ ချို ့တဲ့နေလို့ပါ။ ကံကောင်းစွာနဲ့ အချဉ်အရသာရှိတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းထည့်စားပေးရင် ပြောင်းပြန်သက်ရောက်မှု ဖြစ်သွားနိုင်ပါတယ်။ ပြတ်ရှရာက အနာကျက်ဖို့ကြာရင် ဒါက ဗီတာမင်စီချို ့တဲ့တဲ့ လက္ခဏာတစ်ရပ်ပါ။

alignnone size-medium wp-image-62233
(၃) ဆံပင်ကျိုးပြတ်ပြီး ကျွတ်လွယ်တယ်

ဆံပင်ကျိုးပြတ်ပြီး ကျွတ်လွယ်နေတယ်ဆိုရင် ဒါက တစ်နေ့တာအတွင်း ဗီတာမင်စီအလုံအလောက်မရတဲ့ အခြေအနေပါပဲ။ ပန်းဂေါ်ဖီစိမ်းနဲ့ ကီဝီသီးလို ဗီတာမင်စီပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးပါ။

alignnone size-medium wp-image-62234
(၄) မကြာခဏ အဆစ်နာတယ်

အဆစ်နာတာက ဗီတာမင်စီချို ့တဲ့နေတဲ့ အစောပိုင်းလက္ခဏာတစ်ရပ်ပါ။ ဗီတာမင်စီက အစွမ်းထက်အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တာကြောင့် ကိုယ်တွင်းမှာ ဗီတာမင်စီချို ့တဲ့ရင် ရောင်ရမ်းမှုဖြစ်စေပြီး အဆစ်ကိုက်ခဲနာကျင်တတ်ပါတယ်။ အဆစ်နာတာ သက်သာအောင် ဗီတာမင်စီပါတဲ့ အစားအစာတွေ များများစားပေးပါ။

alignnone size-medium wp-image-62235
(၅) မကြာခဏဖျားပြီး ကိုယ်ခံအားစနစ်ကျနေတယ်

သင်က တုပ်ကွေး၊ အအေးမိခြင်းနဲ့ ကူးစက်ပိုးဝင်ခြင်းတို့ မကြာခဏ ခံစားနေရရင် သင့်ကိုယ်ခံအားစနစ်က တော်တော်လေး ကျနေပါပြီ။ ဗီတာမင်စီက သွေးဖြူဥထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ကူးစက်ပိုးဝင်တဲ့ ရောဂါတွေကို တွန်းလှန်ပေးပါတယ်။ သင့်အနေနဲ့ မကြာခဏဖျားနေရင် သင့်ကိုယ်ခံအားစနစ်တုံ့ပြန်မှုက အားနည်းနေလို့ပါ။ ဗီတာမင်စီများများ မှီဝဲတဲ့နည်းနဲ့ ကိုယ်ခံအားစနစ်ကောင်းအောင် လုပ်ဆောင်သင့်ပါတယ်။

alignnone size-medium wp-image-62236
(၆) အကြောင်းရင်းမရှိဘဲ ဝိတ်တက်နေတယ်

နေထိုင်စားသောက်မှုပုံစံ အပြောင်းအလဲ သိပ်မရှိဘဲ ဝိတ်တက်နေတယ်ဆိုရင် ဗီတာမင်စီချို ့တဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဗီတာမင်စီချို ့တဲ့တာက ကိုယ်ခန္ဓာအဆီမြင့်တက်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ အစောပိုင်းလေ့လာမှုအရ သိရပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်အဆီတွေကို မြန်မြန်လောင်ကျွမ်းစေလို့ပါ။

(၇) တစ်နေ့လုံး ပင်ပန်းပြီး အိပ်ငိုက်နေတယ်

ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပါရဲ့နဲ့ နေ့ဘက်မှာ ပင်ပန်းပြီး အိပ်ငိုက်နေတယ်ဆိုရင် ဗီတာမင်စီအလုံအလောက် မရှိတာ ဖြစ်နိုင်ပါတယ်။ နုံးချည့်ညောင်းညာတာက ကိုယ်ခန္ဓာထဲမှာ ဗီတာမင်စီချို ့တဲ့တဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီအချိန်မှာ ကော်ဖီသောက်မယ့်အစား ဗီတာမင်စီပါဝင်မှုများတဲ့ ကီဝီသီးစားပေးပါ။

alignnone size-medium wp-image-62237
(၈) အသားအရေခြောက်ပြီး နွမ်းနယ်နေတယ်

ဗီတာမင်စီက ကော်လာဂျင်ထုတ်လုပ်မှုအတွက် အလွန်အရေးကြီးပါတယ်။ ဗီတာမင်စီအလုံအလောက်မရရင် အသားအရေနွမ်းနယ်ပြီး အရေးကြောင်းတွေ ထင်လွယ်စေပါတယ်။ ကော်လာဂျင်က အသားအရေကို ဝင်းဝါစေတဲ့အတွက် ဗီတာမင်စီပါတဲ့ အစားအသောက်တွေစားပေးဖို့ လိုပါတယ်။

alignnone size-medium wp-image-62238
(၉) မကြာခဏ နှာခေါင်းသွေးယိုနေတယ်

နှာခေါင်းသွေးယိုတာ မကြာခဏဖြစ်နေရင် ဗီတာမင်စီလိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ နှာခေါင်းမှာ သွေးကြောငယ်တွေရှိတာကြောင့် ဗီတာမင်စီက သွေးကြောငယ်တွေကို သန်စွမ်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-62239
(၁၀) လက်သည်းတွေပါးပြီး အားနည်းနေတယ်

ခန္ဓာကိုယ်က သံဓာတ်ကောင်းကောင်းစုပ်ယူနိုင်ဖို့ ဗီတာမင်စီလိုအပ်ပါတယ်။ သင့်ကိုယ်တွင်းစနစ်မှာ ဗီတာမင်စီမရှိရင် သံဓာတ်ချို ့တဲ့တဲ့ သွေးအားနည်းရောဂါဖြစ်ပြီး လက်သည်းကြွပ်ဆတ်အားနည်းနိုင်ပါတယ်။ လက်သည်းသန်စွမ်းဖို့ ကြိုးစားနေရင် လတ်ဆတ်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ များများစားပေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top