Healthy Life Ad
Health Tips

ဘတ်စကတ်ဘောကစားခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

၊ သဒ္ဒါထက် ၊

ဘတ်စကတ်ဘောကစားတာကြောင့် နှလုံးခုန်နှုန်းမြန်စေပြီး ကိုယ်လက်လှုပ်ရှားမှုကောင်းစေကာ မျက်စိနဲ့ လက်ဟန်ချက်ညီမျှမှုကို တိုးတက်စေပါတယ်။

– ကိုယ်အလေးချိန် ထိန်းပေးခြင်း
ဒီကစားနည်းက လှုပ်ရှားမှုပုံစံ အမျိုးမျိုးလုပ်ရတဲ့အတွက် နှလုံးခုန်နှုန်းမြန်ကာ ကယ်လိုရီများစွာ လောင်ကျွမ်းစေပါတယ်။ တစ်နာရီကစားလိုက်တာနဲ့ ၇၅၀ ကယ်လိုရီလောင်ကျွမ်းမှုရှိတဲ့အတွက် ကိုယ်အလေးချိန်ကို ထိန်းနိုင်စေပါတယ်။

– နှလုံးကျန်းမာရေး ကောင်းစေခြင်း
ဘက်စကတ်ဘောကစားတာကြောင့် အဆုတ်နဲ့နှလုံးကို ပြည့်ပြည့်ဝ၀လုပ်ဆောင်ဖြစ်စေပြီး သွေးလှည့်ပတ်မှုကောင်းကာ အသက်ရှူဝစေပါတယ်။

– သက်လုံ ကောင်းစေခြင်း
ဘက်စကတ်ဘောကစားတာကြောင့် ခန္ဓာကိုယ်ကျန်းမာစေသလို တစ်ပတ်အနည်းဆုံး လေးကြိမ်ကစားရုံနဲ့ သက်လုံကောင်းနေမှာပါ။

– ပေါ့ပါးသွက်လက်မြန်ဆန်စေခြင်း

ခန္ဓာကိုယ်ကို အမျိုးမျိုးလှုပ်ရှားရတဲ့ ကစားနည်းဖြစ်တဲ့အတွက် ပေါ့ပါးသွက်လက်ကာ မြန်ဆန်စေပါတယ်။

– ခန္ဓာကိုယ်ပျော့ပျောင်းသန်စွမ်းစေခြင်း
ပြေးလိုက်၊ ကိုယ်ကိုမြှင့်လိုက်လုပ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းသန်စွမ်းစေပါတယ်။

– ဟန်ချက်ထိန်းညှိနိုင်ခြင်း
ဘက်စကတ်ဘောကစားတာကြောင့်တစ်ကိုယ်လုံးကို အသုံးပြုရပြီး ခြေထောက်၊ လက်မောင်း၊ လက်နဲ့ မျက်လုံးတို့ကို ကောင်းကောင်းဟန်ချက်ထိန်းနိုင်စေပါတယ်။

– အသင်းအဖွဲ့လိုက် လုပ်ဆောင်နိုင်ခြင်း
ဘက်စကတ်ဘောကစားတာက အသင်းလိုက်စုစည်းလုပ်ဆောင်ရတဲ့ အားကစားနည်းဖြစ်တဲ့အတွက် တခြားအသင်းသားတွေနဲ့ ညီညီညွတ်ညွတ် အပေးအယူမျှတစွာ လုပ်ဆောင်နိုင်စေပါတယ်။

– ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း
ဘက်စကတ်ဘောကစားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားမှု မြင့်တက်စေပါတယ်။

– စည်းကမ်းရှိပြီး အာရုံစူးစိုက်မှုကောင်းမွန်ခြင်း
ဘက်စကတ်ဘောကစားနိုင်ဖို့ စည်းကမ်းရှိရမှာဖြစ်သလို အာရုံစူးစိုက်နိုင်စွမ်းလည်း ကောင်းရပါမယ်။ ဂိမ်းကစားပွဲအတွင်း ကစားသမားတွေကို စိတ်စွမ်းအင်မြင့်တက်စေပြီး စူးစိုက်အားကောင်းစေပါတယ်။

– ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း
ဘက်စကတ်ဘောကစားတာကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခိုင်မြဲတဲ့ခင်မင်မှုရရှိစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top