Healthy Life Ad
Health Tips

ဆော်ဒါ (Soda) အချိုရည်က သင့်ခန္ဓာကိုယ်ကို ဘယ်လို ထိခိုက်စေသလဲ

– သွေးတွင်း အဆီများစေပါတယ်

တစ်နေ့မှာ ဆော်ဒါတစ်ခွက် သောက်တာကြောင့် သွေးတွင်းမကောင်းတဲ့ အဆီ ထရိုင်ဂလစ်ဆရိုက်အဆင့် မြင့်တက်စေပြီး သွေးလွှတ်ကြော မာကျောနိုင်ခြေ ၃၀ ရာခိုင်နှုန်းများစေပါတယ်။

– အရေပြားနီမြန်းစေပါတယ်

တချို့ဆော်ဒါအချိုရည်တွေမှာ BVO လို့ ခေါ်တဲ့ ဘရိုမင်းပါတဲ့ ဟင်းရွက်ဆီဓာတုပစ္စည်း တစ်မျိုးပါဝင်တာကြောင့် အရေပြားနီမြန်းမှုကို ဖြစ်စေနိုင်ပါတယ်။

– ဦးနှောက် ထိခိုက်စေပါတယ်

ဆော်ဒါအချိုရည်တချို့မှာ ဆိုးဆေးနဲ့ အချိုတုတွေ ခတ်ထားတာကြောင့် ကြာရှည်မှာ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။

– သွားတွေ ထိခိုက်လွယ်ပြီး သွားကြေလွှာ ပါး တတ်ပါတယ်

ဆော်ဒါအချိုရည်ထဲက ဖော့စ်ဖိုးရစ်အက်ဆစ်နဲ့ စစ်ထရစ်အက်ဆစ်ဟာ ခံတွင်းထဲက စံ အဆင့်ကို ပြောင်းလဲစေပြီး သွားကြေလွှာတွေကို ရာသက်ပန် ထိခိုက်စေနိုင်ပါတယ်။

– အရွယ်မတိုင်ခင် အိုမင်းလွယ်စေပါတယ်

ဆော်ဒါအချိုရည်ထဲက ဖော့စ်ဖိတ်နဲ့ ဖော့စ် ဖိုးရစ်အက်ဆစ်တွေက အချိုရည်တွေရဲ့ သက်တမ်းကို ပိုကြာရှည်ခံစေပေမယ့် သောက်သုံးသူရဲ့ ဘဝသက်တမ်းကိုတော့ တိုစေနိုင်ပါတယ်။ အကြောင်းကတော့ အရွယ်မတိုင်ခင် အိုမင်းတာနဲ့ ဆက်စပ်နေလို့ပါ။

– သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ စတဲ့ ဇီဝရုပ်ဆိုင်ရာ ရောဂါစု ဖြစ်လွယ်ပါတယ်

တစ်နေ့ ဆော်ဒါ တစ်ခွက်သောက်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၆၇ရာခိုင်နှုန်း မြင့်တက်စေပြီး သွေးတိုးရောဂါ၊ အဝလွန်ရောဂါစတဲ့ ဇီဝရုပ်ဆိုင်ရာရောဂါစု (Metabolic Syndrome)ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်း တိုးစေပါတယ်။

Most Popular

Healthy Life Ad
To Top